Blogger Widgets

Friday, October 5, 2012

ဆက် လုပ်

K N U ရဲ့ ဆုံး ဖြတ် ချက် ဖြစ် တဲ့ ဗ ဟို ကော် မ တီ ၃ ဦး ကို ထုတ် လိုက် တဲ့ ဆုံး ဖြတ် ချက် ကို ကြို ဆို ပါ တယ်။ K N U ဟာ ဒီ လို ဆုံး ဖြစ် ချက် တွေ ကို ရဲ ၀ံ့ စွာ မ ချ ခဲ့ လို့ အ ကွဲ အ ပြဲ တွေ ဖြစ် ခဲ့ ပြီး ပါ ပြီ။ K N U ဟာ လက် ရှိ အ စိုး ရ နဲ့ ငြိမ်း ချမ်း ရေး ဆွေး နွေး တဲ့ နေ ရာ မှာ တ မျိုး လုံး ကို ကိုယ် စား ပြု ပြီး ဆွေး နွေး နေ ပါ တယ်။ အ ချိန် ယူ ရ ပါ မယ်။ K N U  နဲ့ အ တူ က ရင် တ မျိုး သား လုံး ရပ် တည် ပေး ဖို့ လို ပါ တယ်။ အ စိုး ရ က စီး ပွါး ရေး အ ခွင့် အ လမ်း တွေ နဲ့ K N U ကို သာ မာန် လူ ထု ကို ကိုယ် စား မ ပြု တဲ့ အ ဖွဲ့ အ စည်း အ သေး လေး တ ခု အ ဖြစ် ပုံ ဖေါ် ဖို့ ကြိုး စား နေ ပါ တယ်။ ဒါ ကို ကျွန် တော် တို့ ကြို သိ ထား ဖို့ လို ပါ တယ်။ ဆက် ဆံ ရေး ရုံး တွေ က နေ တ ဆင့် စီး ပွါး ရေး အ ခွင့် အ ရေး တွေ နဲ့ လုပ် ပိုင် ခွင့် အ ဏာ တ ချို့ ကို ပေး ပြီး ယစ် မူး စေ ပြီး တော့ အ မျိုး သား ရေး ကို မေ့ သွား ဖို့ ကြိုး စား နေ ပါ တယ်။ ရှေ့ မှာ လဲ ဒီ လို အ ဖွဲ့ အ စည်း တွေ ဒီ လို အ ခွင့် အ ရေး တွေ နဲ့ အ မျိုး သား ရေး ကို သ စ္စာ ဖေါက် ခဲ့ ကြ တာ ကို လဲ တွေ့ ဖူး ကြ မှာ ပါ။ ဒါ ကို သ င်္ခန်း စာ ယူ ကြ ဖို့ လို ပါ တယ်။ နား လည် ဖို့ လို ပါ တယ်။ သူ များ ထိုး ပေး တိုင်း လိုက် မ ယောင် ပဲ အ မျိုး သား ရေး သ တိ ရှိ ဖို့ လို ပါ တယ်။
အ ခု လို အ မျိုး သား ရေး အ တွက် အ ရေး ကြီး တဲ့ အ ချိန် မှာ K N U ကို အ မျိုး သား ရေး ဦး ဆောင် အ ဖွဲ့ အ စည်း အ နေ နဲ့ ကျွန် တော် တို့ က ရင် အ မျိုး သား အား လုံး K N U နဲ့  အ တူ တ စည်း တ လုံး တည်း ရပ် တည် ရ ပါ မယ်။ K N U ကို အ မျိုး သား ရေး ကို ကိုယ် စား မ ပြု ပဲ အ သင်း အ ဖွဲ့ တ ခု တည်း အ တွက် ရပ် တည် ဖြစ် တည် စေ မဲ့ လုပ် ရပ် အား လုံး ကို တား ဆီး ရ ပါ မယ်။ 
 

No comments:

Post a Comment