Blogger Widgets

Sunday, October 21, 2012

Jade Land Facebook

ဆူးစူး လျှင် အပ် နှင့် ထွင် သည်. . .အသင် ဘာပြော ချင် သနည်း....

မြို့ပေါ်မှာမွေး၊ မြို့ပေါ်မှာနေတဲ့ “မင်း”က မြို့ပေါ်က စာသင်ကျောင်းထဲမှာ “ပြည်ထောင်စု” ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးထားတဲ့ သင်ခန်းစာတွေ ကို တွင်တွင်ကျက်ရင်း လူလားမြောက်လာတဲ့အချိ
န်မှာပဲ
မျက်စိရှေ့မှာပဲ ကိုယ့်အမ ကို မုဒိန်းကျင့် သတ်ဖြတ်တာကို မြင်ခဲ့ရတဲ့
မျက်စိရှေ့မှာပဲ အဖေနဲ့ ဦးလေးတို့ ပေါ်တာဆွဲရင်း အသတ်ခံခဲ့ရတဲ့
မျက်စိရှေ့မှာပဲ ကိုယ့်အမေတွေ၊ အဒေါ်တွေပိုင်ဆိုင်တဲ့ ကျွဲနွားကြက်ဝက်တွေကို
လုယက်သတ်ဖြတ်စားသုံးကြတာကို မြင်ခဲ့ရတဲ့
လူငယ်လေးတွေက မင်း တို့ပြောတဲ့ “ပြည်ထောင်စု” ကို မယုံတာ အပြစ်မတင်ပါနဲ့. ၊

“တော်လှန်ရေး” ဆိုတဲ့ စကား ထက် လက်တွေ့ကျတဲ့ စကားလုံး သူတို့မှာ မရှိဘူး။
မင်း ရဲ့ ရူးကြောင် မူးကြောင် နိုင်ငံရေး သီအိုရီတွေနဲ့
“ဆရာကြီး” လုပ်ပြီး အမျိုးမျိုး နိုင်ငံရေးတရားဟော နေတာတွေ ကို သူတို့နားခါးလှ တာ
နှစ် ၅၀ ကျော် ခဲ့ပြီ ဆိုတာ မမေ့နဲ့။

မင်း ဘာ လက်တွေ့ လုပ်မလဲ. . . .
မှတ်ထား. . .

ဆူးစူး လျှင်
အပ် နှင့် ထွင် သည်. . .
အသင် ဘာပြော ချင် သနည်း. . တဲ့

တော်လှန်ရေး.
တော်လှန်ရေး
တော်လှန်ရေး. . . ကာလ မကုန်သေးဘူး။

တရားနည်းလမ်းတကျ မဖြေရှင်းပေးသရွေ့၊
မဖြေရှင်း သေးသရွေ့
“တော်လှန်ရေး” ခေတ်မကုန်သေးဘူး. . .

အောင်ဆန်းအက်တလီ စာချုပ်ချုပ်ပြီးသည့်တိုင်အောင် လိုအပ်ရင် လက်နက်ကိုင်ဖို့ အသင့်ပြင်ထား လို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပြောခဲ့တယ်။

ထပ်ပြောမယ်။
တရားနည်းလမ်းတကျ မဖြေရှင်းသေးသရွေ့
တရားနည်းလမ်းတကျ မဖြေရှင်းပေးသရွေ့
“တော်လှန်ရေး” ကာလ ပဲ ရှိသေးတယ်။

( ချိုတူးဇော် )

No comments:

Post a Comment