Blogger Widgets

Monday, October 8, 2012

အိမ် ပြန် ချင် ပါ တယ် သို့ သော်

မြန် မာ ပြည် ကို ပြန် လာ ဖို့ သိန်း စိန် အ စိုး ရ ကော အ တိုက် ခံ တွေ ကော ပ ညာ တတ် ပြည် ပ ရောက် မြန် မာ တွေ ကို က မ္ဘာ လှည့် ပြီး ခေါ် ပါ လေ ရဲ့။
ကျွန် တော် လို့ ပ ညာ တွေ အ များ ကြီး မ တတ် တဲ့ သူ ကို တော့ ဘယ် သူ မှ အ ဖက် မ လုပ် ပါ။
နောက် ပြီး ပြည် ပ မှာ U N ရဲ့ ပြန် လည် နေ ရာ ချ ထား မှု အ စီ အ စဉ် နဲ့ အ ခြေ ချ နေ ထိုင် နေ ရ တဲ့ ပ ညာ မ တတ် တဲ့ Refugees ဆို တဲ့ သူ တွေ ကို ဘယ် သူ မှ အ ဖက် မ လုပ် ကြ ပါ ပါ ကော။ ပြည် တွင်း မှာ လဲ ပြည် တွင်း စစ် ဒဏ် ကြောင့် ပ ညာ သင် ခွင့် မ ရ ပဲ တ ပြေး တည်း ပြေး ၊ ပြေး စ ရာ မြေ မ ရှိ တော့ ထိုင်း Refugees Camp မှာ ခို လှုံ၊ ထိုင်း က လဲ လက် မ ခံ လို တော့ တဲ့ အ တွက် Refugees Camps တွေ ကို ပိတ် တော့ မယ်။ တ တိ ယ နိုင် ငံ ကို မ သွား ရင် မြန် မာ ပြည် အ စိုး ရ စစ် တပ် လက် ထဲ အ တင်း ပြန် ပို့ ခံ ရ မှာ ကြောက် လို့ ပြည် ပ နိုင် ငံ ကို ထွက် ခွါ ခဲ့ ရ တဲ့ Refugees လဲ ပြန် ချင် ကြ ပါ တယ်။ 
စဉ်း စား စေ ချင် ပါ တယ်။
ပ ညာ အ များ ကြီး မ တတ် တဲ့ လူ က နိုင် ငံ ကို မ ချစ် တော့ ဘူး လို့ ထင် လို့ လား။ ဒါ မှ မ ဟုတ် ဒီ လူ တွေ ဟာ နိုင် ငံ တော် အ တွက် အ န္တ ရာယ် လို့ ပဲ ယူ ဆ လို့ ပြန် မ ခေါ် ချင် ကြ တာ လား။ ၀န် ပို တွေ ပဲ လို ယူ ဆ လို့ များ လား။
ဒု က္ခ သည် တွေ ကော အ ပြစ် မဲ့ ဓါး စား ခံ တွေ တ ပြေး ထဲ ပြေး နေ ရ တဲ့ လူ တွေ ကို ကော တိုင်း ပြည် ကို မ ချစ် လို့ စွန့် ခွါ ခဲ့ တယ် လို့ များ ယူ ဆ ခဲ့ လေ လား ပဲ။ အ စိုး ရ ကို လက် နက် ကိုင် တော် လှန် ခဲ့ တဲ့ လူ တွေ ၊ အာ ခံ ခဲ့ တဲ့ သူ တွေ ကို တောင် အ မျိုး သား ပြန် လည် သင့် မြတ် ရေး အ တွက် ပြန် ခေါ် နိုင် သေး တာ ပဲ ဒီ လို မြေ ဇာ ပင် ဖြစ် ခဲ့ ရ တဲ့ ဒု က္ခ သည် တွေ ကို ပြန် ခေါ် လက် ခံ သင့် ပါ တယ်။  တိုင်း တ ပါး မှာ ပ ညာ မ တတ် စ ကား မ တတ် နဲ့ ဘယ် လို ခက် ခက် ခဲ ခဲ ရုန်း ကန် နေ ရ တယ် ဆို တာ ကိုယ် ချင်း စာ သင့် ပါ တယ်။   
ပ ညာ အ များ ကြီး မ တတ် တဲ့ လူ ကော၊ ပ ညာ မဲ့ ဒု က္ခ သည် တွေ ကော တိုင်း ပြည် အ တွက် တ ခု ခု တော့ လုပ် နိုင် မှာ ပါ။ အ နည်း ဆုံး တော့ ပြည် ပ နိုင် ငံ မှာ ရှာ ထား တဲ့ ငွေ တွေ ကို တိုင်း ပြည် မှာ အ များ ကြီး အ ဟုတ် တောင် မှ တ စုံ တ ခု အ တိုင်း အ တာ အ ထိ နိုင် ငံ ခြား ငွေ တွေ ကို ယူ လာ ပေး ကြ မှာ ပါ။
ကိုယ် အ တွက် လို မှ ပြန် ခေါ် မယ် ဆို တဲ့ စိတ် ဓါတ် နဲ့ မြန် မာ ပြည် ကို တည် ဆောက် ဖို့ ကြိုး စား မယ် ဆို ရင် တော့ ဘယ် တော့ မှ အောင် မြင် မယ် မ ဟုတ် ပါ ဘူး။ နိုင် ငံ တော် ကို နှ လုံး သား နဲ့ ကော စိတ် ဓါတ် နဲ့ ကော တည် ဆောက် မှာ တိုး တက် သာ ယာ တဲ့ နိုင် ငံ ဖြစ် လာ မှာ ပါ။

No comments:

Post a Comment