Blogger Widgets

Sunday, October 7, 2012

ဦ ခင် ရီ သို့

က ရင် အ မျိုး သား တွေ ကို စည်း စည်း လုံး လုံး ရှိ တာ မြင် ချင် တယ်။ ငြိမ်း ချမ်း ရေး ဆွေး နွေး ပွဲ ကို မ ပျက် စေ ချင် ဘူး ဆို ရင် ဘာ ဖြစ် လို့ K N U နဲ့ သ ဘော တူ ညီ ချက် မ ရှိ ထား သေး တဲ့ ဘား အံ မှာ ဆက် ဆံ ရေး ရုံး ဖွင့် ဖို့ စီ စဉ် ဆောင် ရွက် ခဲ့ တာ လဲ။ ဒီ ဆက် ဆံ ရေး ရုံး ဖွင့် တာ က ကော ဘာ ရည် ရွယ် ချက် အ တွက် ပါ လဲ။ ဘာ လို့ ဦး အောင် မင်း ကိုယ် တိုင် တက် ရောက် ခဲ့ တာ ပါ လဲ ဆို တာ တွေ ကို ဦး ခင် ရီ ကို မေး ချင် ပါ တယ်။ ဒါ ဟာ သွေး ခွဲ တာ မ ဟုတ် ရင် ဘာ ပါ လဲ။ နောက် ပြီး ဘား အံ ဆက် ဆံ ရေး ရုံး မ ဖွင့် ခင် မှာ K N U က ဦး အောင် မင်း တို့ ဦး ခင် ရီ တို့ နဲ့ ဆက် သွယ် ဖို့ ကြိုး စား ခဲ့ တာ ကို ဘာ လို့ အ ဆက် အ သွယ် မ လုပ် တာ ပါ လဲ။ အ ခု တော့ ရန် ကုန် မှာ ရှိ တဲ့ က ရင် လူ ကြီး တွေ ကို ခေါ် ပြီး သ ဘော ထား ကြီး ရောင် ရောင် နဲ့ လက် ဆေး ဖို့ မ ကြိုး စား ပါ နဲ့။ ကိုယ် တာ ၀န် ကိုယ် ယူ ရဲ တဲ့ ခေါင်း ဆောင် ကောင်း ဖြစ် အောင် ကြိုး စား ပါ။ တိုင်း ရင်း သား တွေ နဲ့ ငြိမ်း ချမ်း ရေး လုပ် တဲ့ အ ခါ မှာ စစ် မှန် တဲ့ ရိုး သား တဲ့ စိတ် နဲ့ လုပ် ပါ လို့ တိုက် တွန်း ပါ ရ စေ။ အား နည်း တဲ့ နေ ရာ ကို ဖိ အား ပေး ပြီး တ ဖက် သား ကို အ ခက် အ ခဲ အ ကြပ် အ တည်း ထဲ ရောက် အောင် လုပ် တာ ဟာ ယုတ် ညံ့ တဲ့ လူ ရဲ့ လုပ် ရပ် ပါ။ ( ဘာ ကို ဆို လို တယ် ဆို တာ နား လည် လိမ့် မယ် လို့ ထင် ပါ တယ်။ ကိုယ် ဟာ ကိုယ် ဘာ ကို ဘယ် လို လုပ် ထား လဲ ဆို တာ ကိုယ် ဟာ ကိုယ် သိ မှာ ပါ။ ရည် ညွန်း ချက် က တော့ K N L A စစ် ဦး စီး ချုပ် ကျူး လွန် ခဲ့ တဲ့ ပြစ် မှု ၁ နဲ့ ၃ ပါ။)
အ ရေး ကြီး ဆုံး က တော့ ဆက် ဆံ ရေး ရုံး ဟာ ဘာ အ တွက် ဖွင့် တာ လဲ ဆို တာ ရှင်း ရှင်း လင်း လင်း လုပ် ထား ဖို့ ပါ။ 
ဆက် ဆံ ရေး ရုံး ဟာ စီး ပွါး ရေး ရုံး အ ဟုတ်  ပါ ဘူး။ စီး ပွါး ရေး ရုံး ဇတ် ထဲ ကို သွင်း ဖို့ မ ကြိုး စား ပါ နဲ့။

No comments:

Post a Comment