Blogger Widgets

Friday, January 2, 2009

ကျွန် တော့် ရဲ့ တောင် ယာ တဲ လေး ၁



တ လော က ရေ ဒီ ယို အ စီ အ စဉ် တစ် ခု မှ တောင် ယာ တဲ လေး အ ကြောင်း နား ထောင် လိုက် ရ တယ်။ တောင် ယာ တဲ လေး ဟာ ကျောင်း သား တပ် မ တော် ရဲ့ သ မိုင်း မှာ အ ရေး ပါ တဲ့ နေ ရာ မှ ရှိ နေ မှာ ပါ။ အဲ ဒါ နဲ့ ဆက် စပ် ပြီး ပေါ် လာ တဲ့ ကျွန် တော် ရဲ့ စိတ် ခံ စား ချက် ပါ။ တောင် ယာ တဲ လေး ဟာ ကျောင်း သား တပ် မ တော် အ တွက် အ ရေး ပါ ခဲ့ သ လို ပဲ ကျွန် တော် ဘ ၀ ရဲ့ လွမ်း ဆွတ် စ ရာ အ စိတ် အ ပိုင်း လေး တစ် ခု ပါ။
ကျွန် တော် ဟာ တောင် ယာ ကို အ ဓိ က လုပ် ပြီး အ သက် မွေး ၀မ်း ကြောင်း တဲ့ လူ မျိုး စု က မွေး ဖွား ခဲ့ ပေ မဲ့ တောင် ယာ တဲ ဟာ ကျွန် တော် နဲ့ မ ရင်း နှီး ခဲ့ ပါ ဘူး။ ဘာ ဖြစ် လို့ လဲ ဆို တော ကျွန် တော် အ ဖေ ဟာ အ စိုး ရ ၀န် ထမ်း ဖြစ် တဲ့ အ တွက် ကြောင့် ပါ။
တောင် ယာ တဲ ကို ကျွန် တော် ပ ထ မ ဆုံး စ တင် သိ ခဲ့ တာ က ကျွန် တော် သူ ငယ် တန်း စ တက် တဲ့ နှစ် မှာ ပါ။ အဲ ဒီ တုန်း က အ ဖေ က အ လယ် တန်း ကျောင်း အုပ် ဆို တော့ အဲ ဒီ ရွာ က ကျောင်း သား မိ ဘ တွေ စု ပြီး တော့ တောင် ယာ ခင်း တစ် ခု ၀ိုင်း လုပ် ပေး ကြ တယ်။ အဲ ဒါ နဲ့ ပတ် သက် ပြီး သိပ် မ မှတ် မိ တော့ ဘူး။ မှတ် မိ တာ က ကျွန် တော် တောင် ယာ တဲ မှာ နေ ပြီး တော့ အ သီး အ နှံ လာ စား တဲ့ ငှက် နဲ့ အ ခြား အ ကောင် ပ လောင် တွေ ကို ခြောက် ထုတ် ဖို့ အ တွက် အ သင့် လုပ် ထား တဲ့ ခြောက် လှန့် ရေး ပ စ္စည်း တွေ ကို ကြိုး ဆွဲ ပြီး ခြောက် လှန့် ထုတ် ခဲ့ တာ ပါ။ အ ဖေ ပေး တဲ့ တာ ၀န် တ ခု ကို စ တင် ထမ်း ဆောင် ခဲ့ ဘူး တာ ပေါ့။ ဘာ တွေ စိုက် လို့ ဘယ် လောက် ရ ခဲ့ လဲ ဘာ မှ သိပ် မ မှတ် မိ ဘူး လေ။ ဒါ ပေ မဲ့ သေ သေ ချာ ချာ မှတ် မိ တာ တစ် ခု က တောင် ယာ တဲ့ ဆို တာ အ ဖျက် မား ကို ခြောက် ထုတ် တဲ့ နေ ရာ တစ် ခု ပါ။
အဲ ဒီ က နေ ပြီး တော့ တောင် ယာ တဲ နဲ့ အ ဆက် ပြတ် သွား လိုက် တာ ၉ တန်း ယောက် တော့ မှ ပဲ တောင် ယာ တဲ ကို နောက် ထပ် ပြန် ရောက် ဖြစ် ခဲ့ တယ် လေ။ သူ ငယ် ချင်း တစ် ယောက် နဲ့ လိုက် သွား တာ ပါ။ သူ တို့ က တောင် ယာ ခုတ် ပြီး ခါ စ၊ စ ပါး နဲ့ တ ခြား အ သီး အ နှံ မ စိုက် ခင် မှာ တောင် ယာ စိုက် ပြီး တောင် က တုံး မ ဖြစ် အောင် နဲ့ ရေ ရှည် အ တွက် ငှက် ပျော ပင် သွား စိုက် ကြ တာ လေ။ ခြံ ထဲ က ငှက် ပျော ပင် ကို တူး၊ အ မြစ် ကို ဆုံ ကို ယူ၊ အ တက် ဘယ် နှစ် တက် ရှိ လဲ ကြည့် ပြီး ပိုင်း ပြီး တောင် ယာ ထဲ မှာ ပြန် စိုက် တယ် လေ။ တ ခါ မှ အဲ ဒီ လို စိုက် လို့ ရ မှန်း မ သိ ခဲ့ ဘူး လေ။ တ ပင် စိုက် ပြီး ပွါး ယူ တာ ပဲ သိ ခဲ့ တာ ၊ အ မြစ် ဆုံ က နေ ပွါး ယူ လို့ ရ တာ အဲ ဒီ တော့ မှ သိ လိုက် ရ တယ် လေ။ တောင် ယာ တဲ လေး မှာ ပွါး ယူ ခဲ့ ကြ တာ ပေါ့။ တောင် ယာ တဲ ဆို တာ အ နာ ဂတ် အ တွက် စိုက် ပျိုး တဲ့ နေ ရာ နဲ့ ပွါး ယူ တဲ့ နေ ရာ လေး တစ် ခု ပေါ့။
အဲ ဒီ နောက် တောင် ယာ စူး ထိုး တဲ့ အ ချိန် ပဲ ပေါ့။ အဲ ဒီ မ တိုင် ခင် က တောင် ယာ ဆူး ထိုး တာ တ ခါ မှ မ ကြုံ ဖူး လေ။ ကျွန် တော် အ တွက် အ ထူး အ ဆန်း ပေါ့။ ယောက် ကျား လေး တွေ က ၀ါး အ ရှည် ကြီး မှာ တူ ရွင်း ပြား တပ် ပြီး တော့ စူး ထိုး ပေး တယ်။ ၀ါး ရှည် တော့ တ နေ ရာ က နေ ပြီး အ ဝေး ကြီး ကို လှမ်း ထိုး လို့ ရ တယ် လေ။ မိန်း က လေး တွေ က မျိုး စေ့ ထည့် ထား တဲ့ ပ လိုင်း ကို လွယ် ပြီး အဲ ဒီ စူး ထိုး ထား တဲ့ အ ပေါက် ထဲ ကို စ ပါး မျိုး စေ့ လိုက် ထည့် ပေး ကြ တယ် လေ။ ကျွန် တော် လဲ သူ များ တွေ လို စူး ထိုး ဖို့ ကြိုး စား ကြည့် တယ်၊ ၀ါး လေး တော့ မ နိုင် လို့ လက် လျှော့ ပြီး စ ပါး လိုက် ထည့် ဖို့ ကြိုး စား တော့ လဲ တောင် က အ ရမ်း စောင်း နေ တော့ ကိုယ် တိုင် တောင် ရပ် ဖို့ အ နိုင် နိုင် ဆို တော့ သူ ငယ် ချင်း က တောင် ယာ တဲ မှာ သွား နေ ပြီး တော့ ငါ တို့ ဘယ် လို လုပ် လဲ ဆို တာ လေ့ လာ သင် ယူ လိုက် ရင် မင်း မ ကြာ ခင် မင်း လဲ လိုက် လုပ် နိုင် မှာ ပါ တဲ့။ တောင် ယာ တဲ ဆို တာ ကျွမ်း ကျင် မှု အ တွက် လေ့ လာ သင် ယူ တဲ့ နေ ရာ လေး တစ် ခု ပါ။
ဆက်ရန်----

No comments:

Post a Comment