Blogger Widgets

Monday, January 26, 2009



ဂီ တာ ဂု ရု ကြီး စော ဘွဲ့ မှုး ဟာ ဂီ တာ လေ့ ကျင့် ခန်း စာ အုပ် တစ် အုပ် ရ တော့ အဲ ဒီ ဂီ တာ လေ့ ကျင့် ခန်း မ ပြီး မ ခြင်း ကြက် ခြံ ထဲ မှာ ပဲ နေ ပြီး တော့ ဂီ တာ တီး ကျင့် ခဲ့ တယ် လို့ ကြား ဘူး ခဲ့ တယ်။ ကြား ပဲ ကြား တာ ပါ ကြက် ခြံ ထဲ က လူ သား ကို မ တွေ့ ဘူး ခဲ့ ပါ ဘူး။ ကျွန် တော် တွေ့ ဘူး ခဲ့ တာ က တော့ ၀က် ခြံ ထဲ က လူ သား ပါ။ ၁၉၈၅-၈၆ ပတ် ၀န်း ကျင် လောက် က ဖြစ် မယ် ထင် တယ်။ သူ တို့ တ တွေ ဟာ ဂီ တာ တီး ကျင့် ဖို့ တော့ မ ဟုတ် ခဲ့ ဘူး။ လူ ကို လူ လို့ မ ထင် တဲ့ လူ ဘီး လူး တွေ က သူ တို့ ရွာ ကို မီး ရှို့ ဖျက် ဆီး ပြီး ကျွန် တော် တို့ နေ တဲ့ မြို့ လေး ကို အ တင်း ဖမ်း ခေါ် လာ ခဲ့ တာ လေ။ မြို့ ကို ရောက် လာ တော့ ထား စ ရာ နေ ရာ မ ရှိ လို့ မြို့ နယ် က ပါ တီ၊ ကောင် စီ တွေ နဲ့ ညှို နှိုင်း ပြီး မြို့ နယ် သ မ ၀ါ ယ မ ပိုင် တဲ့ စိုက် ပျိုး ရေး မွေး မြူ ရေး ခြံ ထဲ က ၀က် ခြံ ထဲ မှာ ထဲ့ ထား ပြီး နေ ခိုင်း ကြ တယ် လေ။ အဲ ဒီ တုန်း က ကျွန် တော့ သူ ငယ် ချင်း ကြက် ခြေ နီ အ သင်း ၀င် တစ် ယောက် က သူ တို့ အ တွက် အ စား အ သောက် နဲ့ အ ၀တ် အ ထည် တွေ လိုက် အ လှု ခံ ရင်း နဲ့ ပြော ပြ လို့ သိ ရ တယ် လေ။ နောက် ပိုင်း လ တော် တော် ကြာ လာ တော့ သူ တို့ အ ပြင် ထွက် ခွင့် ပေး တော့ ကျွန် တော် တွေ့ ဘူး လိုက် တယ်။ အ ရမ်း သ နား ဖို့ ကောင်း တဲ့ တ ကယ့် တော ခေါင် တဲ့ နေ ရာ မှ နေ ထိုင် တဲ့ သင် တိုင်း မဲ ၀တ် တိုင်း ရင်း သား လူ မျိုး နွယ် စု ပါ။ သူ တို့ လူ မျိုး စု စ ကား က လွဲ လို့ တ ခြား ဘာ သာ စ ကား လဲ မ တတ် ကြ ဘူး လေ။ နောက် ပြီး တ ကယ့် ခေါင် တဲ့ နေ ရ က လာ တာ ဆို တော့ တော ထဲ မှာ ဘယ် လို အ သက် ရှင် ရပ် တည် ရ မဲ့ အ သက် မွေး ၀မ်း ကြောင်း မှု လုပ် ငန်း နဲ့ သူ တို့ ရဲ့ ဓ လေ့ ထုံး စံ ပဲ သိ တယ် လေ။ မြို့ ရဲ့ ဓ လေ့ ထုံး စံ တွေ ကို မ သိ တော့ မြို့ ထဲ က လူ တွေ တော် တော် များ များ က သူ တို့ ကို သ နား ရ မဲ့ အ စား သူ တို့ ကို ဟာ သ လုပ် ကြ တယ် လေ။ သူ တို့ ရဲ့ ဘ ၀ ဟာ ရင် နာ ဖို့ ကောင်း လိုက် တာ။ လက် နက် အား ကို တဲ့ လူ တွေ က သူ တို့ ရဲ့ မွေး ရပ် မြေ ကို ဖျက် ဆီး တယ်။ မြို့ ပေါ် က လူ ယဉ် ကျေး လို့ ဆို တဲ့ လူ တွေ က ဟာ သ လုပ် ကြ တယ် လေ။ တ ကယ် လို့ ခင် ဗျား နဲ့ ကျွန် တော် သူ့ တို့ နေ ရာ မှာ ဆို ရင် ဘယ် လို ခံ စား ရ မှာ လဲ။ တ ကယ် လို့ ခင် ဗျား နဲ့ ကျွန် တော် မြို့ ပေါ် က လူ ယဉ် ကျေး တွေ ပါ လို့ ဆို ရင် ကော သူ တို့ ကို ဟာ သ လုပ် ကြ မှာ လား။ ဘယ် လို တုန့် ပြန် ကြ မှာ ပါ လဲ။ သေ ချာ စဉ်း စား ပါ။ အ ခု ကျွန် တော် နဲ့ ခင် ဗျား တို့ မှာ သူ တို့ လို လူ တွေ ကို တ ခု ခု လုပ် ပေး ဖို့ အ ခွင့် အ ရေး ရှိ နေ တယ်။
အ ခု လဲ အဲ ဒီ ဒေ သ မှာ အ ရင် က ထက် အ များ ကြီး ပို ဆိုး နေ တယ် လေ။ အ ခု လက် နက် ကို တွေ က အ ရင် က လက် နက် ကိုင် တွေ ထက် ပို ရက် စက် တယ် လေ။ သူ တို့ ရဲ့ နေ ပြည် တော် ဆို တဲ့ ခေတ် နောက် ပြန် ဆွဲ တဲ့ နေ ရာ နဲ့ နီး တယ် ဆို ပြီး မြေ လှန် ကြ လေ ရက်။ နေ စ ရာ ၀က် ခြံ မှာ တောင် မ နေ ရ တော့ ပဲ တော ထဲ တောင် ထဲ သစ် အောက် ၀ါး အောက် မှာ နေ ရ တဲ့ ဘ ၀ ကို ရောက် နေ ကြ တယ် လေ။ နောက် ပြီး တော့ သူ တို့ ဒေ သ က ပြေး စ ရာ ဒု က္ခ သည် စ ခန်း လဲ မ ရှိ ဘူး လေ။ ဒု က္ခ သည် စ ခန်း ကို တောင် မှ ရောက် အောင် မ ပြေး နိုင် တဲ့ တ ကယ့် ဒု က္ခ ရောက် နေ တဲ့ ဒု က္ခ သည် တွေ ပါ။ နိုင် ငံ တ ကာ က တော့ သူ တို့ ကို အိုင် ဒီ ပီ (IDP) ဆို ပြီး တော့ သိ ပြီး ကူ ညီ နေ လေ ရဲ့။ ဒါ ပေ မဲ့ နယ် စပ် နဲ့ နီး တဲ့ ဒေ သ ကို ပဲ ရောက် နိုင် တယ် လေ။ သူ တို့ နေ ရာ အ ထိ မ ရောက် နိုင် ဘူး လေ။ ခင် ဗျား နဲ့ ကျွန် တော် ဘာ လုပ် ကြ မှာ လဲ သူ တို့ ကို ထိုင် ပြီး ဟာ သ လုပ် ကြ မှာ လား။ ဘာ လုပ် ကြ မှာ လဲ??????????????
I.D.P များ သို့

No comments:

Post a Comment