Blogger Widgets

Tuesday, January 20, 2009


ဒီ နေ့ အို ဘား မား ဟာ အ မေ ရိ ကန် ရဲ့ ၄၄ ယောက် မြောက် သ မ္မ တ အ ဖြစ် ကျမ်း သ စ္စာ ကျိမ် ဆို ပြီး ပြည် သူ တွေ ပေး အပ် တဲ့ တာ ၀န် တွေ ကို တ ရား ၀င် စ တင် ထမ်း ဆောင် ပြီ ဖြစ် ပါ တယ်။ သူ သ မ္မ တ တာ ၀န် ကို စ တင် တာ ၀န် မ ယူ မှီ သူ ဟာ အ မေ ရိ ကန် ပြည် ထောင် စု အ တွက် တာ ၀န် ထမ်း ဆောင် ရင်း ကျ ဆုံး သွား တဲ့ သူ တွေ ကို အ ရင် သွား ရောက် ဂါ ရ ၀ါ ပြု ခဲ့ တာ တွေ့ ရ ပါ တယ်။ သူ ဟာ နိုင် ငံ အ တွက် အ သက် စွန့် သွား ခဲ့ တဲ့ သူ တွေ ရဲ့ ကျေး ဇူး တ ရား ကို သိ ရှိ ခဲ့ ပါ တယ်။ သူ့ ကို ယုံ ယုံ ကြည် ကြည် နဲ့ အာ ဏာ အပ် နှင်း ခဲ့ တဲ့ သူ ရဲ့ ပြည် သူ တွေ ကို ကျေး ဇူး စ ကား လဲ ဆို ခဲ့ ပါ တယ်။ သူ ဟာ ငယ် ရွယ် တယ်။ နိုင် ငံ တော် ကို ပြန် လည် တည် ဆောက် ဖို့ အား မာန် အ ပြည့် ရှိ တယ်။ သူ့ ရဲ့ ပြိုင် ဖက် မှန် သ မျှ ကို တ ရား သ ဖြင့် ယှဉ် ပြိုင် အ နိုင် ယူ ခဲ့ တဲ့ အ ပြင်၊ သူ အ ရွေး ချယ် ခံ ရ ပြီး နောက် သူ့ ရဲ့ ပြိုင် ဖက် ကို နိုင် ငံ တော် ရဲ့ အ ကျိုး ကို ပဲ ကြည့် ပြီး ရာ ထူး ကြီး ကြီး ပေး အပ် ခဲ့ တယ်။ သူ ရဲ့ စိတ် ဓါတ် ဟာ မြင့် မြတ် တယ်။ သ ဘာ ၀ ပတ် ၀န်း ကျင်း ကို ထိန်း သိမ်း ဖို့ အ စီ အ စဉ် တွေ ရှိ တယ်။ သူ ရဲ့ အ ရင် သ မ္မ တ ကို အ ပြစ် မ တင် ပဲ ချီး ကျူး သွား တယ်။ ငြိမ်း ချမ်း ရေး ကို ရှေ့ ရှု တဲ့ နိုင် ငံ ခြား ရေး မူ ၀ါ ဒ တွေ ရှိ တယ်။ သူ့ ကို အ မေ ရိ ကန် ပြည် သူ တွေ နဲ့ အ မ္ဘာ့ ခေါင်း ဆောင် တွေ က ချစ် ခင် အား ကိုး ပြီး သူ့ အ ပေါ် မှာ အ မေ ရိ ကန် ပြည် ထောင် စု နဲ့ က မ္ဘာ့ စီး ပွါး ရေး ပျက် ကပ် က ကယ် တင် နိုင် လိမ့် မယ် လို့ မျှော် လင့် ယုံ ကြည် ကြ တယ်။ သူ ဟာ ဒီ ခက် ခဲ တဲ့ စိန် ခေါ် မှု ကို သ တ္တိ ရှိ ရှိ ရင် ဆိုင် ဖို့ အ သင့် ရှိ နေ တယ်။ သူ့ အ ပေါ် ကို အ မေ ရိ ကန် ပြည် သူ တွေ နဲ့ က မ္ဘာ ကြီး က ၀န် ထုတ် ကြီး ကြီး ကို သူ့ ရဲ့ ပ ခုံး ပေါ် မှာ တင် ထား တယ်။ သူ က လည်း ဒီ ၀န် ထုတ် ကို ရဲ ရဲ ရင့် ရင့် ထမ်း ဖို့ အ သင့် ရှိ တယ်။ စွမ်း အား လဲ ရှိ တယ်။ သူ ဟာ အ မေ ရိ ကန် ရဲ့ လင်း ယုန် တစ် ကောင် ပေါ့။ သူ ဟာ ဖြူ တယ် လေ။ သူ အ နာ ဂတ် ဟာ တောက် ပ နေ တယ် လေ။

သူ နဲ့ ဆန့် ကျင် ဖက် မဲ တာ က ဘယ် သူ လဲ ပြော စ ရာ မ လို ပါ ဘူး အား လုံး သိ ပါ တယ်။ သူ ပဲ ပေါ့ အ မဲ လေ။ နိုင် ငံ တော် အ ဏာ ကို မ တ ရား ရ ယူ။ နိင် ငံ တော် အ တွက် အ သက် ကို စွန့် သွား တဲ့ သူ ရဲ ကောင်း တွေ ရဲ့ ကျေး ဇူး တ ရား ကို မ ဆို ထား နဲ့ တပ် မ တော် ကို တည် ထောင် ခဲ့ တဲ့ တပ် မ တော် ရဲ့ ဖ ခင် ဗိုက် ချုပ် အောင် ဆန်း ကို တောင် စော် ကား။ ပြည် သူ တွေ ကို ကျွန် ပြု နှိပ် စက် လို့ ပြည် သူ တွေ အ မုန်း ကြီး မုန်း၊ က မ္ဘာ့ ခေါင်း ဆောင် တွေ ကို အ ရှက် မ ရှိ မျက် နှာ ပြောင် နဲ့ လိမ် လို့ ဘယ် သူ က မှ မ ဆက် ဆံ ချင်။ ပြိုင် ဖက် တွေ အ ပေါ် မှာ လက် နက် အား ကိုး၊ မ တ ရား ဥ ပ ဒေ နဲ့ အ နိုင် ကျင့်၊ တော ရိုင်း ဥ ပ ဒေ သ ဖြစ် တဲ့ ကြီး နိုင် ငယ် ညှင်း ကို သာ သိ သူ။ ကိုယ့် အ ဏာ နဲ့ စည်း စိမ် ဆို တဲ့ ဘို့ တစ် ဘို့ သာ သိ တဲ့ ပြော လို့ မ ကုန် အောင် မဲ တာ မှ နက် ပြောင် နေ အောင် မဲ တယ် လေ။ သူ့ အ နာ ဂတ် ဟာ မဲ မှောင် နေ မှာ အ သေ ချာ ပါ။

No comments:

Post a Comment