Blogger Widgets

Friday, January 9, 2009

ကျွန် တော့် ရဲ့ တောင် ယာ တဲ လေး (ဇတ် သိမ်း)


အဲ ဒီ တောင် ယာ တဲ လေး နဲ့ ပတ် သက် တဲ့ အ တွေ့ အ ကြုံ တွေ အား လုံး ဟာ ကျွန် တော် ၉ တန်း နှစ် မှာ ဖြစ် ခဲ့ တာ ပါ။ အဲ ဒီ နောက် ပိုင်း တောင် ယာ တဲ နဲ့ ကျွန် တော် ဝေး ကွာ ခဲ့ ပါ တယ်။ တောင် ယာ တဲ နဲ့ ကျွန် တော် ထပ် ပြန် ဆုံ ဖြစ် တာ ကျွန် တော် စက် မှု လက် မှု သိ ပ္ပံ စ တက် တဲ့ ၁၉၈၇ နောက် ပိုင်း ၁၉၈၈ မှာ ပါ။ ၈၈ တော် လှန် ရေး သဲ တ ပွင့် ဖြစ် ခဲ့ တဲ့ ကျွန် တော် ဟာ တပ် မ တော် အ ဏာ သိမ်း ပြီး နောက် ပိုင်း ကျွန် တော် တို့ အ ဖွဲ့ ကို ဆက် သွယ် လာ တဲ့ တ ခြား တော် လှန် ရေး ကျောင်း သား တွေ အ တွက် လုပ် စ ရာ ရှိ တာ တွေ လုပ် ခဲ့ ပေး ပြီး တဲ့ နောက် ကျွန် တော် တို့ အ ထဲ က တ ချို့ လက် နက် ကိုင် တော် လှန် ရေး လုပ် ဖို့ ထွက် သွား သ လို ကျွန် တော် တို့ လဲ မြို့ ပေါ် က ခ ဏ ရှောင် နေ ဖို့ ဆုံး ဖြတ် ကြ ပါ တယ်။ ကျွန် တော် တို့ ရှောင် တိမ်း ရာ နေ ရာ လေး က တော့ တောင် ယာ တဲ လေး ပဲ ပေါ့။ တောင် ယာ တဲ လေး ဟာ ကျောင်း သား တော် လှန် ရေး သ မား တွေ အ တွက် ရှောင် တိမ်း ခို လှုံ ရာ လေး တ ခု ပဲ ပေါ့။
အဲ ဒီ လို ရှောင် တိမ်း ရင်း နဲ့ အ ချိန် လေး တစ် ခု ရ လာ တော့ မြို့ ပေါ် မှာ ကျန် နေ ခဲ့ တဲ့ ကျွန် တော် တို့ အ ဖွဲ့ ထဲ က အ မျိုး သ မီး လေး တွေ က လာ ပြီး အ ကြောင်း ကြား တယ်။ ကျောင်း သား ပါ တီ တစ် ခု က လာ ပြီ စည်း ရုံး ရေး လာ ဆင်း တယ် တဲ့။ အဲ ဒါ ဘယ် လို လုပ် ကြ မ လဲ လို့ လာ မေး တယ်။ စည်း ရုံး ရေး လာ ဆင်း တာ က ကို ဂျင် မီ နဲ့ အ ဖွဲ့ လေ။ (နောက် ပိုင်း ကို ဂျင် မီ ပဲ ကျွန် တော် တို့ မြို့ နယ် ပါ တီ ဆိုင်း ဘုတ် နဲ့ ရုံး ကို လာ ပြီး ဖွင့် ပေး တယ် လေ။) အဲ ဒါ နဲ့ ကျွန် တော် တို့ က တောင် ယာ တဲ လေး မှာ ပဲ တိုင် ပင် ကြ ပြီး တော့ အဲ ဒီ ကျောင်း သား ပါ တီ ရဲ့ ဆိုင်း ဘုတ် ကို ခို လှုံ ပြီး တော့ မြို့ ပေါ် ပြန် တယ် ဖို့ ဆုံး ဖြတ် ကြ တယ်။ တောင် ယာ တဲ လေး မှာ ကျောင်း သား ပါ တီ ခွဲ လေး တစ် ခု မွေး ဖွား ခဲ့ တယ် လေ။
ကျွန် တော် တို့ မြို့ ပေါ် ပြန် တက် ပြီး မ ကြာ ပါ ဘူး အဲ ဒီ တောင် ယာ တဲ လေး လဲ မီး ရှို့ ဖျက် ဆီး ခံ ခဲ့ ရ ပါ တယ်။ ဘယ် သူ လက် ချက် မှန်း မ သိ လိုက် ရ ဘူး။ အဲ ဒီ ဒေ သ တ ၀ိုက် မှာ သူ ပုန် ( တော် လှန် ရေး သ မား) တွေ ကို ရိ က္ခာ ပေး တယ် ဆို ပြီ တ ခြား တောင် ယာ တဲ တွေ မီး ရှို့ ဖျက် ဆီး မ ခံ ရ ခင် ပ ထ မ ဆုံး အ ဖျက် ဆီး ခံ ရ တဲ့ တောင် ယာ တဲ လေး ပါ။ တောင် ယာ တဲ လေး မှာ ဘယ် သူ လက် ချက် မှန်း မ သိ လိုက် ရ တဲ့ ဖျက် ဆီး မှု တွေ လဲ ရှိ ခဲ့ တယ် လေ။
နောက် ပိုင်း အဲ ဒီ တောင် ယာ တဲ ပိုင် ရှင် ရယ် တ ခြား တောင် ယာ တဲ ပိုင် ရှင် ၂ ဦး လောက် လဲ ကျောင်း သား တွေ လက် နက် ကိုင် တော် လှန် ရေး လုပ် ဖို့ ထွက် သွား တဲ့ အ ချိန် တုန်း က ည အိပ် စက် သွား မှု (၁၇/၁) ဖမ်း ဆီး ထောင် ချ ခြင်း ခံ လိုက် ရ ပါ တယ်။ တောင် ယာ တဲ လေး မှာ ဘာ မှ မ သိ လိုက် တဲ့ အ ပြစ် မဲ့ သူ ကို မ တ ရား ဖမ်း ဆီး ထောင် ချ မှု လဲ ရှိ ခဲ့ တယ် လေ။
ဒါ ပါ ပဲ ကျွန် တော် ရဲ့ တောင် ယာ တဲ လေး ဟာ။

***ကို ဂျင် မီ၊ ကို စိုး ငြိမ်း၊ ကို ၀င်း မြင့် နိုင် နှင့် အ ပြစ် မဲ့ မြေ စာ တောင် ယာ တဲ ပိုင် ရှင် များ သို့ ရည် ညွှန်း ပါ သည်။

1 comment:

  1. ကျနော်ထင်တာတော့ ကိုဝါးနေသားလားလို့ဗျာ ကျနော်တို့ရဲဘော်ကြီိးဖြစ်နေရင်သိတ်ကောင်းမှာပဲဗျာ။

    ReplyDelete