Blogger Widgets

Sunday, March 15, 2009



ကျွန် တော် မှာ အိမ် လေး တစ် အိမ် ရှိ ပါ တယ်။
အဲ ဒီ အိမ် လေး ဟာ အ ဖေ မ ရှိ တဲ့ နောက် ထိန်း သိမ်း မဲ့ သူ မ ရှိ ပဲ တ ဖြည်း ဖြည်း နဲ့ ပျက် စီး လာ ခဲ့ တာ အ ခု ဆို ရင် နေ လို့ ရ ယုံ အ ဆင့် ပဲ ရှိ ပါ တော့ တယ်။ အိမ် မှာ ရှိ တဲ့ မောင် နှ မ တွေ က လဲ သူ နည်း သူ ဟန် နဲ့ အိမ် ပြင် ဖို့ ကြိုး စား ကြ ပါ တယ်။ အ မေ က လှုပ် လို့ မ ရ အောင် နေ မ ကောင်း တော့ မ ဦး စီး နိုင် ဘူး ပေါ့။ အဲ ဒီ တော့ မောင် နှ မ တွေ က သူ တ လူ ငါ တ မင်း နဲ့ အိမ် ပြင် ဖို့ ကြိုး စား ကြ တယ် လေ။ အ ကို အ ကြီး ဆုံး က မူး မူး ရူး ရူး နဲ့ အိမ် ကို ပြင် ဖို့ ကြိုး စား လိုက် တာ အိမ် မ ကောင်း လာ တဲ့ အ ပြင် ပို ပြီး တောင် ပျက် စီး လာ တယ်။ ကျန် တဲ့ မောင် နှ မ တွေ က အ ကို ကြီး ရဲ့ ကြမ်း တမ်း ရက် စက် မှု ကြောင့် မ ပြော ရဲ ကြ ဘူး လေ။ ဒါ နဲ့ ကျန် တဲ့ ညီ အ ကို မောင် နှ မ တွေ က ကိုယ့် နည်း ကိုယ် ဟန် နဲ့ ပြင် ဆင် ကြ ဖို့ ကြိုး စား ခဲ့ ကြ တယ် ပေါ့။ ဒါ ပေ မဲ့ မောင် နှ မ တွေ က အိမ် ရဲ့ အ မိုး မ လုံ မှု၊ အ ကာ မ လုံ မှု၊ အ ခင်း ကြမ်း မှု၊ အိမ် တိုင် ယိမ်း ယိုင် မှု တွေ ကြောင့် ရေ စိမ်း၊ လေ စိမ်း စ တဲ့ ဒဏ် မျိုး စုံ ခံ ရ ပြီး စိတ် ဒဏ် ရာ များ စွာ နဲ့ အိမ် ပြင် ကြ ရ တော့ အ ချင်း ချင်း တစ် ယောက် ကို တစ် ယောက် ငြူ စူ အ ပြစ် တင် ရင်း နဲ့ ပြင် ဖြစ် ကြ တယ် လေ။ အဲ ဒါ ကြောင့် အိမ် က ပြင် ဖို့ ကြိုး စား ရင်း ပို ပို ပျက် လာ တဲ့ အ ပြင် အိမ် ပြင် စ ရိတ် အ ကြွေး တွေ ပါ တက် တက် လာ ခဲ့ တယ် လေ။ တစ် ခေါက် ပြင် ဖို့ ကြိုး စား ရင်း တစ် ခေါက် အ ကြွေး တက် ရင်း နဲ့ ကြွေး နွံ ထဲ မှာ ခဲ့ ကြ တယ် လေ။ နောက် ပြီး အ ကို ကြီး ရဲ့ နှိပ် စက် မှု ကို မ ခံ နိုင် တဲ့ ညီ အ ငယ် ဆုံး က အိမ် ပေါ် က ဆင်း ပြီး တော့ တ ခါ တ လေ တော ထဲ မှာ တ ခါ တ လေ တ ခြား မြို့ တစ် မြို့ ရဲ့ ဇ ရပ် မှ ခို နား ရင်း ဒု က္ခ ရောက် လေ ရဲ့။ နောက် ပြီး ညီ မ လေး က အ ကို ကြီး တွေ အိမ် ပြင် ကြ ညီ မ လေး က အ ကြွေး ဆပ် ဖို့ တ ခြား မြို့ ရွာ ကို စီး ပွါး ရှာ မယ် ဆို ပြီး ထွက် သွား ရင်း ဘ ၀ ပျက် လေ ရဲ့။ ကျန် ခဲ့ တဲ့ ညီ အ ကို တွေ လဲ အိမ် ပြင် ဖို့ ဆက် ကြိုး စား ပေ မဲ့ လဲ ဦး ဆောင် မဲ့ အ မေ နေ မ ကောင်း တော့ တစ် ယောက် တစ် ပေါက် နဲ့ ဆို တော့ အိမ် မ ကောင်း လာ ပဲ ပို ပို ပျက် စီး ပြီး တော့ ပို ပို ပြီး တော့ အ ကြွေး တင် လာ တော့ ကျန် ခဲ့ တဲ့ ညီ အ ကို တွေ ထဲ က တ ချို့ က တ ခြား မြို့ တွေ မှာ စီး ပွါး ရှား ရင်း၊ နည်း လမ်း ရှား ရင်း၊ ဒု က္ခ ရောက် နေ တဲ့ ညီ ငယ် ရယ်၊ ဘ ၀ ပျက် နေ တဲ့ ညီ မ ငယ် ကို ပြန် လည် စည်း ရုံး ရင်း အိမ် အ ပြင် က နေ အိမ် ကို ဆက် ပြင် ဖို့ အ တွက် အိမ် က နေ ထွက် ခွါ ခဲ့ ကြ ပြန် တယ် လေ။ ဒါ ပေ မဲ့ ထင် သ လောက် မ လုပ် နိုင် ပါ ဘူး။ အိမ် အ ပြင် မှာ ရှိ တဲ့ ကျွန် တော် တို့ ညီ အ ကို တွေ ဒီ ထက် ပို ပြီး စည်း လုံး ဖို့ လို သ လို၊ စည်း လုံး အောင် ဦး ဆောင် မဲ့ လူ လဲ လို နေ တယ် လေ။ ကျွန် တော် အိမ် ပြန် ပြီး အိမ် ပြန် မ ပြင် နိုင် ခင် -
အ ခု ကျွန် တော် လုပ် နိုင် တာ က တော့ -
အိမ် ကို ပြန် လည် ပြင် ဖို့ ညီ အ ကို တွေ ကို ဦး ဆောင် နိုင် အောင် အ မေ အ မြန် ဆုံး ပြန် နေ ကောင်း အောင် ဆု တောင်း ဖို့ ရယ်၊ ကျွန် တော့ မှာ ရှိ တာ လေး တွေ ကို အိမ် လုံး ၀ မ ပြို ပျက် သွား အောင် ကျား ကန် ပြင် ဆင် နေ တဲ့ ညီ အ ကို တွေ ကို ထောက် ပံ့ ဖို့ ပဲ ပေါ့။

No comments:

Post a Comment