Blogger Widgets

Thursday, March 19, 2009

rfa တိုက် ရိုက် လေ လှိုင်း မှ ထုတ် လွင့် သွား သော တိုင်း ရင်း သား အ ရေး ကိ စ္စ နား ဆင် ရန်

02-14-09 Call in Show KZT-KT.Mp3 -

တ ခါ က ကျွန် တော် ရယ်၊ နာ မည် ကြီး စာ ရေး ဆ ရာ မ တစ် ဦး ရယ်၊ ဓါတ် ပုံ ဆ ရာ တစ် ဦး ရယ်၊ ဒေါ် အောင် ဆန်း စု ကြည် အ ကြောင်း ပြော ဖြစ် ကြ တယ်။ သူ မ ရဲ့ စွန့် လွှတ် အ နှစ် နာ ခံ မှု၊ တိုင်း ပြည် ချစ် မှု၊ ရဲ ရင့် မှု၊ မြင့် မြတ် မှု၊ ကြီး မြတ် တဲ့ ဂုဏ် သ တင်း၊ သူ မ ရဲ့ အ သက် အ န္တ ရာယ် နဲ့ ပတ် သက် ပြီး တော့ ပြော ဖြစ် ကြ တယ်။ အဲ ဒီ တုန်း က သူ မ အ လုပ် ကြံ ခံ ရ မယ် လို့ သ တင်း အ ရမ်း ထွက် နေ တဲ့ အ ချိန် ပေါ့။ ဒါ တွေ ပြော ပြီး ကျွန် တော် က ဆက် ပြီး ပြော ဖြစ် တာ က၊ တ ကယ် လို့ နိုင် ငံ ကို ဦး ဆောင် ခွင့် ရ တဲ့ အ ခါ ဒေါ် အောင် ဆန်း စု ကြည် ဟာ ပြ သ နာ ပေါင်း မြောက် များ စွာ ကို ကိုင် တွယ် ဖြေ ရှင်း ရ မယ် ပေါ့။ အဲ ဒီ ပြ သ နာ ပေါင်း မြောက် များ စွာ ကို လဲ ချ ပြ ကြည့် ဖြစ် တယ်။ ပြ သ နာ တ ခု ခြင်း ဟာ တော် တော် ဖြေ ရှင်း ရ ခက် မဲ့ ဘေး ကြပ် နံ ကြပ် ပြ သ နာ တွေ ပဲ ပေါ့။ တိုင်း ပြည် အ တွက် ရယ် ပြည် သူ ပြည် သား ဒီ နှစ် ခု အ ကြား မှာ တိုင်း ပြည် အ တွက် ကြည့် ရင် ပြည် သူ တွေ နား လည် မှု လွဲ နိုင် တဲ့ အ ဖြစ် တွေ အ များ ကြီး ပေါ့။ အဲ ဒီ ပြ သ နာ တွေ အ ထဲ မှာ တိုင်း ရင်း သား တွေ ကိ စ္စ လဲ ပါ တာ ပေါ့။ အဲ ဒါ နဲ့ စာ ရေး ဆ ရာ မ က ဟုတ် တယ် ဒီ အ ချိန် ဟာ သူ မ ရဲ့ အ ထွဋ် အ ထိပ် အ ချိန် ပဲ။ တ ကယ် လို့ သူ မ အ လုပ် ကြံ ခံ ရ လဲ သူ မ အ နိုင် ပိုင်း သွား တာ ပဲ ပေါ့။ ဒါ နဲ့ ကျွန် တော် က ပြန် ပြော လိုက် တယ်၊ ဒေါ် အောင် ဆန်း စု ကြည် ဟာ ဒီ ကိ စ္စ တွေ ကို ကိုင် တွယ် ဖြေ ရှင်း နိုင် မယ် လို့ ကျွန် တော် ယုံ ကြည် တယ်။ သူ အ ချုပ် ခံ ရ တဲ့ အ ချိန် တွေ မှာ ဘယ် လို ကိ စ္စ မျိုး ကို ရင် ဆိုင် ရ မယ်၊ ဘယ် လို ကိုင် တွယ် ဖြေ ရ ကြို တင် စဉ်း စား ပြီး စီ မံ ကိန်း သေ သေ ခြာ ခြာ ချ ဖို့ အ ချိန် ရ တာ ပေါ့။ သူ မ ရဲ့ တ ကယ့် အ ရည် အ ချင်း ကို ဖေါ် ပြ ဖို့ သူ ကို နိုင် ငံ ကို ဦး ဆောင် ခွင့် ရ စေ ချင် တယ်။ တ ကယ် လို့ အဲ ဒီ အ ချိန် မှာ တ စုံ တ ခု မှား သွား လို့ သူ့ ကို အ ထင် မှား စ ရာ၊ မ အောင် မြင် မှု တွေ ဖြစ် ခဲ့ မယ် ဆို တောင် သူ မ ကို ကျွန် တော် လေး စား မြဲ လေး စား ဆဲ သူ ရဲ ကောင်း တစ် ဦး ဖြစ် နေ မှာ ပါ။ အ ထူး သ ဖြင့် အဲ ဒီ အ ချိန် မှာ ကျွန် တော် တိုင်း ရင်း သား နဲ့ ပတ် သက် ပြီး လုံး ၀ ဆန့် ကျင် ဖက် အ နေ အ ထား မှာ ရှိ ခဲ့ ရင် တောင် သူ ရဲ့ တ ချိန် က တိုင်း ပြည် အ တွက် ပေး ဆပ် အ နစ် နာ ခံ မှု အ တွက် သူ ကို လေး စား နေ အုံး မှာ ပါ လို့ ကျွန် တော် ပြော ဖြစ် ခဲ့ တယ်။ ကျွန် တော့ အ နေ နဲ့ ဒေါ် အောင် ဆန်း စု ကြည် ယုံ ခေါင်း ဆောင် မှု ကို ယုံ ကြည် ပါ တယ်။
ဘာ ဖြစ် လို့ လဲ ဆို တော့ တိုင်း ရင်း သား ကိ စ္စ ဟာ တ ကယ့် ကို အ ကဲ ဆတ် ပါ တယ်။ အာ အက်ဖ် အေ ရဲ့ တိုက် ရိုက် လေ လှိုင်း ဆွေး နွေး ခန်း ကို ပဲ သေ သေ ချာ ချာ နား ထောင် ကြည့် ပါ။ စဉ်း စား စ ရာ နဲ့ ပြ သ နာ တွေ အ များ ကြီး ကို တွေ့ ရ မယ်။ တိုင်း ရင်း သား တွေ ရယ်၊ အ တိုက် အ ခံ ဒီ မို က ရေ စီ အင် အား စု တွေ ရယ်၊ န အ ဖ ရယ် သုံး ပွင့် ဆိုင် အ ကြေ အ လည် မ ဆွေး နွေး မ ချင်း ငြိမ်း ချမ်း ဖွံ့ ဖြိုး တဲ့ ဒီ မို က ရေ စီ နိုင် ငံ ဘယ် လို မှ တည် ဆောက် နိုင် မှာ မ ဟုတ် ပါ ဘူး။ တ ဖက် သတ် ၂၀၁၀ က တော့ ဘယ် တော့ မှ မ ဖြစ် နိုင် သ လို၊ တိုင်း ရင်း သား မ ပါ တဲ့ အ တိုက် အ ခံ ဒီ မို က ရေ စီ အင် အား စု နဲ့ န အ ဖ နှစ် စု နဲ့ လဲ မ ဖြစ် နိုင် ပါ ဘူး။
နောက် ပြီး တိုင်း ရင်း သား အင် အား စု တွေ က လဲ အ ချင်း ချင်း အ ကြေ အ လဲ မ ညှိ ထား ရင် လဲ မ ဖြစ် နိုင် ပါ ဘူး။
ဒီ လို အ ခက် ခဲ ပြ သ နာ တွေ ကြား က တိုင်း ပြည် ကို ဒေါ် အောင် ဆန်း စု ကြည် က လွဲ လို့ ဘယ် သူ ဦး ဆောင် နိုင် မှာ လဲ??????
မှတ် ချက် - ကျွန် တော် သည် ပု ဂ္ဂိုလ် ရေး သူ ရဲ ကောင်း ကိုး ကွယ် သူ မ ဟုတ် ပါ။ သို့ သော် ဒီ မို က ရေ စီ အ စ ပျိုး မည့်၊ ဒီ မို က ရေ စီ မ ရင့် ကျက် သေး သည့် နိုင် ငံ များ တွင် ပု ဂ္ဂိုလ် ရေး အား ကောင်း သော ခေါင်း ဆောင် လို အပ် သည် ဟု ယူ ဆ ပါ သည်။ ( အ ထူး သ ဖြင့် န အ ဖ မှ အ ကြောင်း ပြ သ ကဲ့ သို့ ပြည် ထောင် စု မ ပြို ကွဲ ရန် လက် နက် အား ကိုး ပြီး အုပ် ချုပ် သော နည်း လမ်း တ ခု တည်း သာ မ ရှိ ကြောင်း သိ စေ လို ပါ သည်။)

No comments:

Post a Comment