Blogger Widgets

Tuesday, March 31, 2009

ရှင်သန်ခြင်းကိုစားသုံးသူများ


တ ခါ က ပေါ့ ကျွန် တော် အ သိ မိ သား စု တစ် စု ရဲ့ အ ဖြစ် အ ပျက် လေး တစ် ခု ကို ဝေ မျှ ချင် ပါ တယ်။ သူ တို့ မိ သား စု က ဆင်း ရဲ တယ် လေ။ အ ဖေ လုပ် တဲ့ သူ က ရဲ ၀န် ထမ်း ပေါ့။ ဒါ ပေ မဲ့ အ ချုပ် သား ထွက် ပြေး မှု တစ် ခု မှာ သူ မှာ သူ မှာ တာ ၀န် ရှိ တယ် ဆို ပြီး အ လုပ် ပြုတ် သွား တယ်။ ရဲ တန်း လျား မှာ မ နေ ရ တော့ လို့ သူ တို့ မိ သား စု နေ စ ရာ နေ ရာ မ ရှိ လို့ သူ မြို့ အ စပ် နား က တော လေး ထဲ မှာ တဲ ထိုး ပြီး သွား နေ ရ တယ်။ အဲ ဒီ တော ထဲ မှာ လင် မ ယား နှစ် ယောက် မီး သွေး ဖုတ် ပြီး အ သက် မွေး ၀မ်း ကြောင်း ပြု ရ တယ်။ တော ထဲ မှာ ဆို တော ငှက် ဖျား ခ ဏ ခ ဏ မိ ကြ တာ ပေါ့။ သူ တို့ မှာ က တစ် ဦး တည်း သော သား တစ် ယောက် ရှိ တယ်။ အ သက် ၁၅ နှစ် ပတ် ၀န်း ကျင် လောက် တော့ ရှိ မယ် ထင် တယ်။ တစ် နေ့ မှာ တော့ သူ သား အ ဖျား ၀င် ပါ လေ ရော၊ ဆေး ကု ဖို့ ပိုက် ဆံ မ ရှိ သေး လို့ သူ့ သား ကို ချက် ချင်း ဆေး ခန်း သွား မ ပြ နိုင် ဘူး ပေါ့။ သူ တို့ မီး သွေး ဖို ဖေါ် ပြီး ရောင်း လို့ ပိုက် ဆံ ရ မှ ဆေး ခန်း သွား ပြ မယ် ဆို ပြီး နေ ကြ လေ ရဲ့။ ဒါ ပေ မဲ့ အ ဖျား က မ နေ ဘူး လေ။ သူ တို့ သား လေး သ တိ မေ့ တဲ့ အ ဆင့် ရောက် တော့ မ ဖြစ် မ နေ ဆေး ရုံ တင် ကြ ရ တာ ပေါ့။ ဆေး ရုံ ရောက် တော့ ကျွန် တော် ကို ဖုန်း ခေါ် ပြီး အ ကူ အ ညီ တောင်း ရ တယ် လေ။ ကျွန် တော် ရောက် သွား လို့ ဒီ က လေး အ တွက် ဆေး ဖိုး ကို ကျွန် တော် ပေး ပါ မယ် လို့ အာ မ ခံ မှ ပဲ ဆေး ရုံ က ဆေး စ ကု ပါ တယ်။ က လေး က ဆေး ကု သ ခံ ရ တာ အ ရမ်း နောက် ကျ တော့ တ ပတ် လောက် ကြိုး စား ကု ပေ မဲ့ လုံး ၀ သ တိ မ လည် လာ ပဲ အ သက် ပါ သွား လေ ရဲ့။ ပိုက် ဆံ ကုန် သွား တာ မ နှ မျော ပေ မဲ့ တက် သစ် စ က လေး ရဲ့ အ သက် နဲ့ မိ ဘ နှစ် ဦး ရဲ့ တစ် ဦး တည်း သော သား ကို မ ကယ် လိုက် နိုင် တဲ့ အ တွက် အ ရမ်း ၀မ်း နည်း မိ ပါ တယ်။
နောက် ၆ လ လောက် အ ကြာ မှာ ကျွန် တော် ရွာ တစ် ရွာ ကို ခ ရီး သွား ခါ နီး ဖုန်း ၀င် လာ တယ်။ ဖုန်း ဆက် တဲ့ သူ က ရှိုက် ကြီး တ ငင် ငို လို့ ပေါ့။ သူ ယောကျာ်း ရှင် လို ရှင် ငြား ဟို ဖက် ကမ်း(ထိုင်း နိုင် ငံ ရှိ မြို့ တစ် မြို့) ဆေး ရုံ ပို ချင် လို့ ကူ ညီ ပါ အုံး လို့ ပြော တယ်။ အဲ ဒါ နဲ့ ကျွန် တော် ဆေး ရုံ ကို လိုက် သွား တယ်။ လူ နာ က ဆေး ရုံ က ၀န် ထမ်း ဆို တော့ လူ နာ နား မှာ ဆေး ရုံ မှာ ရှိ သ မျှ ဆ ရာ ၀န် တွေ အ ကုန် လုံး ၀ိုင်း ပြီး ကြည့် နေ ကြ တာ ကို တွေ့ လိုက် ရ တယ်။ အဲ ဒီ ထဲ က ဆ ရာ ၀န် တစ် ဦး က ကျွန် တော် ကို ပြော တယ် ဟို ဖက် ကမ်း ကို ပို့ ချင် ပို့ ပါ သူ တို့ ခွင့် ပေး ပါ တယ် (ခွင့် ပေး ရိုး ထုံ စံ မ ရှိ လို့ ပါ)။ ဒါ ပေ မဲ့

လူ နာ က ရှင် ဖို့ မ ရှိ ဘူး လို့ ကျွန် တော် ကို ပြော တယ်။ အဲ ဒါ နဲ့ လူ နာ ရှင် ကို ကျွန် တော် သေ ချာ အောင် ထပ် မေး ပါ တယ် ဘယ် လို လုပ် ချင် လဲ ဆို တော့ သူ က ငို ကြီး ချက် မ နဲ့ ကြိုး စား ကြည့် ချင် တယ် လို့ ပြော တာ နဲ့ ကျွန် တော် ဖုန်း ဟို ဆက် ဒီ ဆက် နဲ့ ဟို ဖက် ကမ်း ဆေး ရုံ ကို ပို့ ဖို့ စီ စဉ် ပေး လိုက် တယ်။ လိုက် ပို့ မဲ့ သူ ကို မှာ စ ရာ ရှိ တာ အ ကုန် မှာ ပြီး လူ နာ ရှင် ကို ကျွန် တော် မှာ အ ရေး ကြီး သွား စ ရာ ရှိ လို့ လိုက် မ ပို့ နိုင် ဘူး သူ တို့ လိုက် ပို့ လိမ့် မယ် လို့ ပြော တဲ့ အ ခါ လူ နာ ရှင် က မျက် နှာ ငယ် နဲ့ သူ တို့ နဲ့ အ တူ လိုက် ခဲ့ ဖို့ မျက် နှာ ငယ် လေး နဲ့ တောင်း ပန် တယ်။ ကျွန် တော် က ကိ စ္စ က အ ရမ်း အ ရေး ကြီး လို့ ဘယ် လို မှ မ ဖြစ် နိုင် လို့ ပါ ဆို ပြီး ရှိ စု မဲ့ စု စု ထား သ မျှ ပိုက် ဆံ ကို (အဲ ဒီ ပိုက် ဆံ က ကျွန် တော့ အ ဖွဲ့ နဲ့ ပင် လယ် ကမ်း စပ် တ ခု မှာ အား သစ် လောင်း ဖို့ စု ထား တာ ပါ။) ကို ထုတ် ပေး လိုက် တယ်။ လူ နာ က ၀န် ထမ်း(ရိုး လွန်း ပြီး အောက် ဆိုက် မ ရှာ တတ် လို့) နောက် ပြီး သား သ မီး က များ တော့ ဆင်း ရဲ တယ် လေ။ အဲ ဒီ နောက် ကျွန် တော် လဲ ရွာ မှာ လုပ် စ ရာ ရှိ တာ လုပ် ပြီး ခ ရီး ထွက် သွား တာ ပေါ့။ သူ ငယ် ချင်း တွေ က ပင် လယ် ကမ်း မှာ ပိုက် ဆံ တစ် ပုံ ကြီး နဲ့ ပျော် တဲ့ အ ချိန် မှာ ကျွန် တော် မှာ က ဖြုန်း စ ရာ မ ပြော နဲ့ သုံး စ ရာ တောင် န တ္တိ ပေါ့။ ဒါ ပေ မဲ့ ကျွန် တော် မြို့ ကို ဖုန်း ပြန် ဆက် တဲ့ အ ခါ မှာ လူ နာ အ သက် ရှင် တယ် လို့ ကြား ရ တော့ ပင် လယ် ကမ်း မှာ ကျွန် တော် ပီ တိ တွေ တ ၀ုန်း ၀ုန်း ရိုက် ခတ် လို့ ပေါ့။ အ သက် ကို ငွေ နဲ့ ၀ယ် လို့ မ ရ ဘူး လို့ ပြော ကြ တယ်။ ဒါ ပေ မဲ့ ရှင် သန် မှု ကို တော့ ၀ယ် လို့ ရ မှန်း ကို တော့ ကျွန် တော် သိ လိုက် ရ တယ်။
အဲ ဒါ နဲ့ ဆန့် ကျင် ဖက် ရှင် သန် မှု ကို စား သုံး၊ စီး နင်း၊ နေ ထိုင် လို့ ရ တယ် ဆို တာ ကို တော့ နာ ဂစ် မုန် တိုင်း မြန် မာ ပြည် မှာ ၀င် မွှေ သွား တဲ့ အ ချိန် မှာ သိ လိုက် ရ တော့ အံ့ သြ တုန် လှုပ် သွား တယ်။ နာ ဂစ် အ လှူ တွေ ကို အ လွဲ သုံး စား လုပ် ပြီး
သူ တို့ သောက် တဲ့ ဘီ ယာ တစ် ခွက် ဟာ အ သက် တစ် ချောင်း
သူ တို့ စား တဲ့ အ မြီ တစ် တုံး ဟာ အ သက် တစ် ချောင်း
သူ တို့ ကာ ရာ အို ကေ မယ် တွေ ကို နမ်း တဲ့ အ နမ်း တစ် ချက် ဟာ အ သက် တစ် ချောင်း
သူ တို့ စီး တဲ့ ကား ဘီး တစ် ဘီး လိမ့် တိုင်း အ သက် တစ် ချောင်း
သူ တို့ အိမ် တိုင် တစ် တိုင် ဟာ အ သက် တစ် ချောင်း
သူ တို့ အိမ် ခင်း တစ် ပြား ဟာ အ သက် တစ် ချောင်း
သူ တို့ အိမ် မိုး တစ် ပြား ဟာ အ သက် တစ် ချောင်း
သူ တို့ -------------- ဟာ အ သက် တစ် ချောင်း
သူ တို့ -------------- ဟာ အ သက် တစ် ချောင်း
အ ဆိုး ဆုံး က တော့ အ သက် တွေ ကို ပ လ္လင် လုပ် ပြီး ထိုင် မင်း လုပ် တာ ပဲ ပေါ့
ရေ တွက် လို့ မ ကုန် အောင် သူ တို့ ဟာ အ သက် တွေ ကို စား သုံး၊ စီး နင်း၊ နေ ထိုင်၊ ကြီး ပွါး လေ ရဲ့။
အ သက် တွေ ကို စ တေး ပြီး အ ဏာ ကို တည် ဆောက် လေ ရဲ့။
ဘီး လူး ဟာ လူ ရဲ့ အ သက် ကို သတ် စား တယ် လို့ ကြား ပဲ ကြား ဖူး ပါ တယ်။ လူ သား တွေ လူ့ အ သက် ရှင် သန် မှု ကို စား သုံး တာ အ ခု တော့ လက် တွေ့ ပေါ့။ ဘီး လူး က စား ပဲ စား တယ် လေ၊ အ ခု က လူ့ အ သက် ရှင် သန် မှု ကို စား ရုံ မ က လူ့ တွေ ရဲ့ အ သက် ကို စီး နင်း၊ လူ တွေ ရဲ့ အ သက် ပေါ် မှာ နေ ထိုင် တဲ့ ဘီး လူး ထက် အ ဆ ပေါင်း မြောက် များ စွာ ဆိုး တဲ့ လူ တွေ ကို တွေ့ ဖူး ပြီ လေ။ အဲ ဒီ လူ တွေ ကို လူ သား လို့ မ ခေါ် သင့် ဘူး ထင် တယ်။ ကဲ အဲ ဒီ လူ တွေ အ တွက် နာ မည် တစ် ခု ခု ၀ိုင်း ပြီး ပေး ပေး ပါ အုံး -
နာ ဂစ် အ မှတ် တ ရ ********

No comments:

Post a Comment