Blogger Widgets

Sunday, March 29, 2009


ကျွန် တော် ဘ ၀ မှာ ပင် လယ် ကမ်း စပ် အ ပမ်း ဖြေ စ ခန်း လေး တစ် ခု မှာ သူ ငယ် ချင်း တွေ နဲ့ တ ပတ် လောက် အ နား ယူ အ ပမ်း ဖြေ ခဲ့ ဘူး ပါ တယ်။ တောင် ပေါ် သား ဖြစ် တဲ့ ကျွန် တော် ပင် လယ် မှာ သူ ငယ် ချင်း တွေ နဲ့ လှိုင်း စီး၊ ရေ ချိုး၊ မြင်း စီး၊ လေ ညှင်း ခံ လမ်း လျှောက်၊ ဘော လုံး က စား၊ သီ ချင်း ဆို၊ နေ ၀င် ဆည် ဆာ ရှု ခင်း ကြည့် ရင်း၊ ပင် လယ် ပြာ ကြီး ရဲ့ လှိုင်း ပုတ် သံ ဂီ တ ကြား မှာ နဲ့ အ ရမ်း ပျော် ခဲ့ တာ ပေါ့။ ဒါ ပေ မဲ့ ပြန် ခါ နီး တ ရက် မှာ တော့ ကျွန် တော့် အ ချစ် ဆုံး သူ ငယ် ချင်း နဲ့ ချစ် သူ ကျွန်း ဖက် ကို လမ်း လျှောက် ရင်း နဲ့ လုပ် ငန်း ခွင် က ပြန် လာ တဲ့ ဒေ သ ခံ ဦး ကြီး တစ် ယောက် နဲ့ ဆုံ လို့ ကျွန် တော် လဲ ဒီ နေ ရာ လေး မှာ အ ပန်း လာ ဖြေ တာ၊ ဒီ ဒေ သ က လူ တွေ ရဲ့ ဘ ၀ တ စိတ် တ ဒေ သ သိ ရ ရင် ပို ပြီး ပြည့် စုံ မှာ ပဲ ဆို ပြီး တော့ စ ကား သွား ပြော ပြီး မိတ် ဖွဲ့ ခဲ့ တယ် လေ။ ကျွန် တော် က အဲ ဒီ ဦး ကြီး ကို မေး ကြည့် တယ် အ ဘ ဒီ နေ့ လုပ် ငန်း ကိုင် ငန်း အ ဆင် ပြေ ရဲ့ လား လို့ မေး လိုက် တယ်။ အဲ ဒီ ဦး ကြီး က ပြေ တယ် ရယ် လို့ ဘယ် ဟုတ် မှာ လဲ။ အဲ ဒီ ဦး ကြီး က ကျွန် တော် တို့ တည်း နေ တဲ့ အ ပန်း ဖြေ စ ခန်း ကို လက် ညှိုး ထိုး ပြီး တော့ အဲ ဒါ အ ရင် တုန်း က အ ဘ တို့ ရဲ့ ခြံ တွေ လေ။ အ စိုး ရ သိမ်း ပြီး ကု မ္ပ ဏီ တွေ ကို ချ ပေး ပြီး အ ခု လို အ ပန်း ဖြေ စ ခန်း ဆောက် လိုက် တော့ အ ဘ တို့ မှာ လဲ အ ခု လို အ ခြေ မဲ့ ပြီး တစ် နေ့ စာ တစ် နေ့ စာ ကို ဒီ လို ပဲ ကြည့် ပြီး အ ဆင်း ပြေ သ လို ဖြေ ရှင်း ရ တာ ပေါ့။ ကျွန် တော် လဲ ခေါင်း န ပမ်း ကြီး ပြီး တော့ အ ပြစ် ရှိ သူ တ ယောက် လို ခံ စား လိုက် ရ တယ်။ ရှက် လဲ ရှက် သွား မိ တယ်။ မျှော် လင့် ထား တာ က ဒီ ဒေ သ မှာ အ ပန်း ဖြေ စ ခန်း လာ ဖွင့် တော့ ဒေ သ ခံ တွေ လဲ့ ခ ရီး သွား အ ပန်း ဖြေ တွေ ကြောင့် လုပ် ငန်း ကို ငန်း ကောင်း လို့ ၀င် ငွေ ကောင်း ပြီ အ ဆင် ပြေ တိုး တက် လာ တယ် ဆို တဲ့ အ ဖြေ ပါ။ အ ခု လို အဲ ဒီ ဦး ကြီး အ ဖြေ ကို လဲ ကြား ရ ရော အ ခု လို ဒေ သ ခံ တွေ ရဲ့ မ တ ရား အ သိမ်း ခံ ရ တဲ မြေ ယာ ပေါ် မှာ လာ အ ပန်း ဖြေ တဲ့ ကျွန် တော့် အ တွက် တော့ အဲ ဒီ ဒေ သ ခံ ပေါ် မှာ မ တား ရား မှု ကျူး လွန် မိ သူ လို အ ပြစ် ရှိ တယ် လို့ ခံ စား ရ တယ် လေ။ အ မှန် တော့ ဒီ နေ ရာ ကြောင့် ဒီ ဒေ သ က ပြည် သူ တွေ ဒီ လို ဒု က္ခ ရောက် တယ် ဆို ရင် ကျွန် တော် ဘယ် က လာ ပြီး အ ပန်း ဖြေ ပါ့ မ လဲ။ အ ခု တော့ ဒေ သ ခံ တွေ ရဲ့ တွေ ရဲ့ ၀မ်း နည်း မှု မျက် ရည် ပေါ် မှာ ကျွန် တော် လာ ပြီ ပျော် ရွှင် ပြီး ဒေ သ ခံ တွေ ကို စော် ကား နေ သ လို ဖြစ် သွား ပါ ကော လား။ အ ခု ကျွန် တော် သိ လိုက် ရ တာ က ပင် လယ် ပြင် ကျယ် ကြီး ဟာ ဒေ သ ခံ တွေ ရဲ့ မျက် ရည် ဖြစ် ပြီး လှိုင်း ပုတ် သံ ဂီ တ ဟာ ဒေ သ ခံ တွေ ရဲ့ ငို ညီး သံ တွေ ဆို တာ လေ။ ပင် လယ် ကမ်း စပ် မှာ ကျွန် တော် တို့ လျှောက် ခဲ့ တဲ့ ခြေ ရာ ဟာ လှိုင်း ရဲ့ တိုက် ခတ် မှု ကြောင့် ပြောက် ပျက် သွား ပေ မဲ့ ဒေ သ ခံ တွေ ရဲ့ နာ ကျင်းမှု တွေ၊ မျက် ရေ တွေ၊ ငို ညီး သံ တွေ ကို တော့ ပြောက် ပျက် စေ မှာ မ ဟုတ် သ လို ဒီ မ တ ရား မှု တွေ ကို လဲ ဒီ ပင် လယ် လှိုင်း တွေ က ဖျောက် ဖျက် နိုင် မှာ မ ဟုတ် ပါ ဘူး လေ။

No comments:

Post a Comment