Blogger Widgets

Tuesday, March 31, 2009

အရေးကြီးပြီသွေးနီးကြစို့


















အ ရေး ကြီး ရင် သွေး နီး ကြ တယ် ဆို တဲ့ စ ကား ရှိ ပါ တယ်။ ဒီ အ ချိန် မှာ ပြည် ပ မှာ ရောက် နေ တဲ့ ကျွန် တော် တို့ က ရင် တွေ အ တွက် သွေး နီး ဖို့ အ ချိ န် ရောက် ပါ ပြီ။
ပ ထ မ ဆုံး က တော့ အ မေ ရိ ကား ကို ရောက် နေ တဲ့ က ရင် အား လုံး သွေး နီး ဖို့ ပါ။ အ ပေါ် က ကွယ် က လူ မှာ ပါ တဲ့ သ တင်း တွေ ကို ဖတ် ကြည့် ပါ။ အ မေ ရိ ကား မှာ ရောက် နေ တဲ့ က ရင် တွေ သွေး နီး ဖို့ ဘယ် လောက် လို အပ် နေ တာ ကို အ ရှင်း မြင် ရ မှာ ပါ။ အ မေ ရိ ကား မှာ စီး ပွါး ကျ နေ တာ မှန် ပေ မဲ့

ကောင်း မွန် တဲ့ လူ မှု ရေး ထောက် ပံ့ မှု အ စီ အ စဉ် တွေ ကြောင့် အ မှန် တ ကယ် တော့ ဒီ မိ သား စု တွေ ကို ကူ ညီ မဲ့ သူ တွေ ရှိ ရင် ဒီ လောက် ဒု က္ခ ရောက် စ ရာ အ ကြောင်း လုံး ၀ မ ရှိ ပါ ဘူး။ ဒါ ပေ မဲ့ အ ဓိ က ပြ သ နာ က တော့ ရုံး စာ ရွက် စာ တမ်း ကိ စ္စ တွေ ကို နား မ လည် မ ဆောင် ရွက် နိုင် ကြ လို့ ဖြစ် ပါ တယ်။ နော့ ကာ ရို လိုင်း နား ပြည် နယ် က မိ သား စု ဆို ရင် ၆၈ နှစ် အ ဖေ အ တွက် အက်စ် အက်စ် အိုင် (ပင် စင်) ရ စ ရာ အ ကြောင်း ရှိ ပါ တယ်။ အဲ ဒါ ရ ရင် တော် တော် လေး အ ဆင် ပြေ သွား မှာ ပါ။ ဒါ ပေ မဲ့ ရုံး ကိ စ္စ လိုက် လုပ် ပေး မဲ့ သူ မ ရှိ တော့ မ ရ ဘူး။ နောက် ပြီး တက် နာ စီ မှာ ဆုံး သွား တဲ့ ကိ စ္စ လဲ ဒီ လို ပဲ။ ရုံး ကိ စ္စ လိုက် လုပ် ပေး မဲ့ သူ ရှိ ရင် မယ် ဒီ ကိတ် ရ ပြီး ဆေး ကု သ ခံ နိုင် မှာ ဖြစ် ပြီး သေ ဆုံး စ ရာ အ ကြောင်း လုံး ၀ မ ရှိ ပါ ဘူး။ က ရင် တွေ အ ချင်း ချင်း မ ကူ ညီ ကြ ဘူး လား လို့ မေး ရင် ကူ ညီ ကြ တာ ပေါ့။ နော့ ကာ ရို လိုင်း နား က မိ သား စု အ ကြောင်း ဖုန်း ဆက် မေး တော့ ဈေး သွား ၀ယ် ဖို့ ဟို ကိ စ္စ ဒီ ကိ စ္စ တွေ ကို တော့ ၀ိုင်း ကူ ညီ ကြ ပေ မဲ့ ရုံး ကိ စ္စ ကို တော့ မ ကူ ညီ တတ် လို့ မ ကူ ညီ နိုင် ဘူး လို့ ပြော တယ်။ ရုံး ကိ စ္စ လိုက် ကူ ညီ နိုင် တဲ့ လူ ရှိ တော့ ရှိ တယ် ဒါ ပေ မဲ့ အ ကူ အ ညီ တောင်း တဲ့ လူ အ ရမ်း များ လို့ မ ကူ ညီ နိုင် တာ လဲ ဖြစ် နိုင် တယ်။ ဒါ မှ မ ဟုတ် လုံး ၀ မ ရှိ လို့ လဲ ဖြစ် နိုင် တယ်။
ဒါ ကြောင့် အ မေ ရိ ကား မှာ ရှိ တဲ့ က ရင် တွေ အား လုံး ညီ ညီ ညွတ် ညွတ် နဲ့ အ ဖွဲ့ အ စည်း တွေ ဖွဲ့ အ ချင်း ချင်း အ ကူ အ ညီ ပေး ကြ မယ် ဆို ရင် ဒီ ကိ စ္စ တွေ ဖြစ် လာ မှာ မ ဟုတ် ပါ ဘူး။ တစ် ယောက် တစ် ပေါက် ကူ ညီ တာ နဲ့ စာ ရင် အ ဇွဲ့ လိုက် အ ကူ အ ညီ ပေး တာ က ပို ပြီး ထိ ရောက် ပါ တယ်။
တ ကယ် လို့ တစ် ယောက် က မ အား ရင် တ ခြား တစ် ရောက် က ကူ ညီ နိုင် တယ်။ တစ် ယောက် က မ တတ် ရင် တစ် ယောက် က ကူ ညီ နိုင် တယ်။
နောက် ပြီး အ ဖွဲ့ အ စည်း တစ် ခု နဲ့ တ ခု (နက် ၀ပ်) အ ဆက် အ သွယ် ရှို ဖို့ လို ပါ တယ်။ နော့ ကာ ရို လိုင်း နား က ကိ စ္စ ကို ဥ ပ မာ ပေး ရ မယ် ဆို ရင် တ ကယ် လို့ ရာ လေ မြို့ မှာ ရုံး ကိ စ္စ လိုက် လုပ် ပေး နိုင် မဲ့ လူ လုံး ၀ မ ရှိ ရင် ချာ ပါ ဟေး၊ ခါ ဘို ရို၊ ဟိုက် ပွိုင့်၊ န ယူး ဘန်း မြို့ က အ ဖွဲ့ အ စည်း ကို အ ဆက် အ သွယ် လုပ် ပြီး အ ကူ အ ညီ တောင် နိုင် မှာ ဖြစ် တယ်။
နောက် ပြီး သ တင်း အ ချက် အ လက် နဲ့ ပတ် သက် တဲ့ အ ဖွဲ့ အ စည်း လဲ ရှိ သင့် ပါ တယ်။ တ ကယ် လို့ နော့ ကာ ရို လိုင်း နား ပြည် နယ် မှာ ရှိ တဲ့ မြို့ တွေ အား လုံး က အ ဖွဲ့ အ စည်း တွေ က မ သိ လို့ မ ကူ ညီ နိုင် ဘူး ဆို ရင် တ ခြား ပြည် နယ် က အ ဖွဲ့ အ စည်း ကို လှမ်း အ ကူ အ ညီ တောင်း လဲ မ ရ နိုင် ဘူး ဆို ရင် တ ကယ့် ပ ညာ ရှင် တွေ ကို မေး ဖို့ လို လာ ပါ လိမ့် မယ်။ အ မေ ရိ ကား မှာ ရှိ တဲ့ က ရင် တွေ ထဲ မှာ ပ ညာ ရှင် တွေ အ တော် အ သင့် ရှိ ပါ တယ်။ သူ တို့ တ တွေ ကို စ နစ် တ ကျ စု စည်း ထား ဖို့ လို ပါ တယ်။ ဒါ မှ ပဲ လို အပ် တဲ့ အ ခါ မှ သူ တို့ ကို အ လွယ် တ ကူ ဆက် သွယ် နိုင် မှာ ဖြစ် ပါ တယ်။
ဒါ ကြောင့် အ မေ ရိ ကား တ နိုင် ငံ လုံး နဲ့ ဆိုင် တဲ့ စ နစ် တ ကျ ရှိ တဲ့ က ရင် အ ဖွဲ့ အ စည်း တစ် ခု ဖြစ် မြောက် ဖို့ အ ရေး တ ကြီး လို အပ် နေ ပါ ပြီ။
ကဲ ဘယ် လို လုပ် ကြ မှာ လဲ???????


ကဲ အ ပေါ် က သ တင်း လဲ ဖတ် ကြည့် ပါ အုံး။ ဒါ က တော့ က ရင် တ မျိုး သား လုံး နဲ့ ဆိုင် ပါ တယ်။ ဘယ် လို အ ကြောင်း ကြောင့် ပဲ ဒီ လို ဖြေ ပါ စေ၊ မှန် သည် ဖြစ် စေ၊ မှား သည် ဖြစ် စေ၊ ကျွန် တော် တို့ က ရင် တွေ အား လုံး အ လေး အ နက် ထား ရ မဲ့ ကိ စ္စ တစ် ခု ဖြစ် ပါ တယ်။
ကျွန် တော် တို့ က ရင် လူ မျိုး အား လုံး ကေ အင် ယူ ကို အ ဖက် ဖက် က ၀ိုင်း ရံ ဖို့ လို ပါ ပြီ။ ကျွန် တော် တစ် ယောက် ထဲ မ ရ ပါ ဘူး။ ကျွန် တော် တို့ မြို့ တစ် မြို့ မ ရ ပါ ဘူး။ ကျွန် တော် တို့ နေ တဲ့ နိုင် ငံ တစ် ခု တည်း က မ ရ ပါ ဘူး။ တစ် က မ္ဘာ လုံး မှာ ရှိ တဲ့ က ရင် တွေ ၀ိုင်း ကူ ညီ မှ ရ မှာ ပါ။ ကျွန် တော် တို့ အား လုံး သွေး စည်း ညီ ညွတ် စွာ ကူ ညီ မှ ပဲ ဖြစ် မှာ ပါ။
နောက် ပြီး န အ ဖ စစ် အာ ဏာ ရှင် ကို တိုက် တဲ့ နေ ရာ မှာ လက် ရုံး ရည် (လက် နက် ကိုင် လမ်း စဉ်) တစ် ခု တည်း မ ဟုတ် ပဲ နှ လုံး ရည် (နိုင် ငံ ရေး) တိုက် ပွဲ ဆင် နွဲ ရ မယ့် အ ချိန် ရောက် နေ ပါ ပြီ။ ပြည် တွင်း မှာ ရော ပြည် ပ မှာ ရော နှ လုံး ရည် (နိုင် ငံ ရေး) တိုက် ပွဲ ကို ဖေါ် ဆောင် နိုင် ဖို့ အ တွက် ကျွန် တော် တို့ အား လုံး သွေး စည်း ကြ ပါ စို့။

No comments:

Post a Comment