Blogger Widgets
Wednesday, April 11, 2012
ကြောက်နေလိုက်တာရုပ်ပျက်ဆင်းပျက်
ဓာတ်ပုံ-ဥက္ကာကိုကို
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်သည် ဘန်ကောက်ပို့စ် သတင်း စာနှင့် တွေ့ဆုံအင်တာဗျုးခဲ့ခြင်းမရှိဘဲ ဒီပဲယင်းအရေးအခင်း တွင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ဖူးသည်ဟူသော စကားကို လည်း ပြောကြားခြင်းမရှိခဲ့ကြောင်း ရဲသတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းနိုင်ထွန်းနှင့် ဗိုလ်မှူးဟောင်းဝင်းမောင်မောင်တို့ က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုလိုက်ကြသည်။
ဦးခင်ညွှန့်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် ကတည်းက နိုင်ငံရေးလုပ်ဆောင်ရန် မရှိကြောင်း မီဒီယာများသို့ ပြောဆိုခဲ့ပြီးဖြစ်သည့်အတွက် ထိုစကားအတိုင်းပင် ဦးခင်ညွှန့် အနေနှင့် ပြည်ပမီဒီယာများနှင့်တွေ့ဆုံခဲ့ခြင်းလုံးဝမရှိကြောင်း ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်က ရှင်းလင်းပွဲတွင် ပြောကြားသည်။
““ဧပြီ ၁ ရက်နေ့က ဘယ်သတင်းဌာနနဲ့မှ တွေ့ဆုံခြင်းမရှိဘူးလို့ ကျွန်တော့်အနေနဲ့ ငြင်းဆိုချင်ပါတယ်””ဟု ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်က ပြောသည်။
ဇန်န၀ါရီလတွင် နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့သည့် မြန်မာ ၀န်ကြီးချုပ် ဟောင်း ဦးခင်ညွန့်က ၎င်းသည် လွန်ခဲ့သည့် ကိုးနှစ်ခန့်က ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏ အသက်ကို ကယ် တင်နိုင်ရန် ပုဂ္ဂိုလ်ရေးအရ ကြား ဖြတ်စွက်ဖက်ခဲ့ရဖူးကြောင်း ဘန်ကောက်ပို့စ်သတင်းစာသို့ ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းများပေါ်ထွက်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ ၁၁.၄.၂၀၁၂ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထဲရေးရုံးဟောင်းတွင် သတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းနိုင်ထွန်း ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခင် တပ်မတော်ထောက် လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်က ၎င်းင်းသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် စစ် ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အပြင် ဘက်တွင် အစိုးရလိုလားသူ လူ အုပ်က ဒေါ်အောင်ဆန်းစုကြည် ၏ ယာဉ်တန်းအား တိုက်ခိုက်ရာ၌ ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်အင်တာဗျူးတစ် ခုတွင် ပြောကြားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ဒီပဲယင်း လူသတ်ပွဲတွင် သေဆုံးသူဦးရေကို တစ်ခါမျှ အတည်မပြုရသေးသော်လည်း မြန်မာ့အတိုက်အခံဘက်ကမူ လူ ၅၀ ခန့် သေဆုံးကြောင်းပြောဆို ထားသည်။ ယနေ့ (တနင်္ဂနွေနေ့) တွင် ဘန်ကောက်ပို့စ်နှင့် ပြုလုပ် သော အင်တာဗျူး၌ ဦးခင်ညွန့်က "အဲဒီ့ညမှာ လူအုပ်ထဲကနေ သူမ (ဒေါ်အောင်ဆန်းစုကြည်)ကိုကယ်ဖို့ ကျွန်တော့်လူတွေကို စေလွှတ်ခဲ့ပါတယ်။ သူတို့ဟာ ဒေါ်အောင် ဆန်းစုကြည်ကို အနီးနားက စစ်တပ်စခန်းတစ်ခုဆီလုံခြုံမှုရအောင် ခေါ်သွားခဲ့ပါတယ်"ဟုပြောကြား
ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည်။
No comments:
Post a Comment