Blogger Widgets

Tuesday, April 24, 2012

အမေရိကန် ဖုန်းတစ်လုံး အခမဲ့ယူနည်း (အ၀င်သီးသန့်)

 by Myanmar IT Men on Monday, December 5, 2011 at 2:10pm ·

စာဖတ်သူမှာ ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ်ဆိုရင်တော့ အမေရိကန် ဖုန်းတစ်လုံး အခမဲ့ပိုင်ဆိုင်နိုင်ပါပြီ။ စာဖတ်သူ အတွက် ကိုယ်ပိုင်သီးသန့် အမေရိကန်ဖုန်းနံပါတ်တစ်ခုကို အခမဲ့ ရရှိမှာပါ။ တကမ္ဘာလုံးကနေ ကိုယ့်ဆီကို ဖုန်းခေါ်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းက ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာမှာ ဖုန်းမြည်သံ ထွက်လာပါလိမ့်မယ်။ နားကျပ်လေးနဲ့ ပြောရုံပါပဲ။

ဘယ်လိုလုပ်ရမလည်းဆိုတာ မရေးသေးခင်
သဘောတရားကို အရင်ရှင်းပြပါရေစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ SoftPhone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် ExpressTalk တို့ XLite တို့ ဖြစ်ပါတယ်။ သူတို့ကို အတိုကောက်အနေနဲ့ SIP SoftPhone လို့ ခေါ်ပါတယ်။

ကိုယ့်ကွန်ပျူတာမှာ SIP Softphone တင်ပြီးသွားရင် SIP account တစ်ခုကို အခမဲ့ ရယူနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းဆီမှာလည်း SIP SoftPhone ရှိမယ်၊ SIP account ရှိမယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ဖုန်းပြောလို့ရပါပြီ။ Gtalk နဲ့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောသလိုပါပဲ။ Gtalk ဆိုရင်လည်း သူ့ကွန်ပျူတာမှာ Gtalk တင်ထားမှ၊ သူ့မှာလည်း Gtalk account ရှိမှ၊ သူကလည်း Online ဖြစ်ဦးမှ၊ Connection ကလည်း ကောင်းဦးမှ ဖုန်းပြောလို့ ရသလိုပါပဲ။ SIP SoftPhone တွေဟာလည်း အဲဒီလိုပါပဲ။

SIP Phone တွေက အားနည်းချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ခေါ်ဆိုတဲ့အခါ username နဲ့သာ ခေါ်ဆိုခွင့် ရတာပါ။ အဲဒီလို username အစား ဖုန်းနံပါတ်တစ်ခု Free ပေးတဲ့ Service ကလည်း အွန်လိုင်းပေါ်မှာ ရှိနေပါပြီ။ တစ်နည်းအားဖြင့် username နဲ့ ဖုန်းနံပါတ်ကို တွဲပေးလိုက်တာပါပဲ။ နောက်ဆုံးတော့ ကိုယ့်အတွက် အမေရိကန် ဖုန်းနံပါတ်ရသွားမှာ ဖြစ်ပြီး အဲဒီဖုန်းနံပါတ်ကို တစ်ယောက်ယောက်က ခေါ်ဆိုလိုက်ရင် ကိုယ့်ကွန်ပျူတာမှာတင်ထားတဲ့ SIP SoftPhone က Alarm ပေးပါလိမ့်မယ်။ နားကျပ်လေးနဲ့ ဖုန်းပြောရုံပါပဲ။

ကဲ..စလိုက်ရအောင်။

၁။ www.callcentric.com ကိုသွားပြီး Sign Up လုပ်ပါ။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ ကိုယ့် email ဆီကို Verification mail ပို့ပေးပါလိမ့်မယ်။ အဲဒီ verification mail မှာပါတဲ့ link ကို နှိပ်ပေးပါ။ သူက အချက်အလက်တွေ ထပ်တောင်းပါလိမ့်မယ်။ City, Zip code စသည်ဖြင့်ပါ။ U.S မှာရှိတဲ့ မြို့၊ State၊ Zip code စတာတွေကိုပဲ ထည့်ပေးပါ။ အားလုံးပြီးသွားရင်တော့ ကိုယ့်မှာ callcentric account တစ်ခု ရသွားပါလိမ့်မယ်။ Register လုပ်တုန်းက ပေးခဲ့တဲ့ username နဲ့ call centric က ထုတ်ပေးတဲ့ call centric number၊ call centric မှာ ဖော်ပြထားတဲ့ ကိုယ့်ရဲ့ IP တွေကို သေချာ မှတ်ထားပါဦး။

၂။ နောက်တစ်ဆင့်အနေနဲ့ phone.ipkall.com ကိုသွားပါ။ Register လုပ်လိုက်ပါ။ SIP username နဲ့ password မှာ အစောက callcentric မှာ ပေးခဲ့တဲ့ username နဲ့ password ကိုပဲ ထည့်ပေးပါ။ email မှာလည်း call centric က အတိုင်း ထည့်ပေးပါ။ hostname မှာတော့ callcentric.com လို့ ထည့်ပေးပါ။

၃။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ IPKall ကနေ အီးမေးတစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ အီးမေးလ်ထဲမှာ Your IPKall phone number is ဆိုပြီး ပါပါလိမ့်မယ်။ အဲဒီဖုန်းနံပါတ်ဟာ အမေရိကန် ၀ါရှင်တန်ဒီစီ ဖုန်းနံပါတ်ဖြစ်ပါတယ်။ အဲဒီနံပါတ်ဟာ စာဖတ်သူအတွက် ကိုယ်ပိုင်သီးသန့် နံပါတ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဖုန်းနံပါတ်ကို သူငယ်ချင်းဆီ ပေးလို့ရပါပြီ။

၎။ နောက်တစ်ဆင့်ကတော့ SIP SoftPhone ကို ကွန်ပျူတာမှာ ထည့်သွင်းဖို့ပါပဲ။ www.nch.com.au ကနေ Express Talk ကို download ဆွဲပြီး ကွန်ပျူတာမှာ install လုပ်လိုက်ပါ။

၅။ ExpressTalk ကို ဖွင့်လိုက်တဲ့အချိန်မှာ Wizard တစ်ခု ပေါ်လာပါလိမ့်မယ်။ Next တွေသာ နှိပ်သွားပါ။ SIP Setup ဆိုတဲ့ နေရာ ရောက်ရင်တော့ Yes, I already have a SIP account ကို ရွေးပြီး Next နှိပ်ပါ။ SIP Proxy မှာ in.callcentric.com ဆိုပြီး ထည့်ပါ။ SIP Number မှာ callcentric က ထုတ်ပေးထားတဲ့ number ကို ထည့်ပေးပါ။ password မှာလည်း callcentric တုန်းက ပေးခဲ့တဲ့ password ကိုပဲ ထည့်ပေးပါ။ ပြီးရင် OK နှိပ်လိုက်ပါ။

၆။ ExpressTalk က Server နဲ့ ချိတ်ဆတ်တာကို ခေတ္တစောင့်ပါ။ ပြီးဆုံးရင်တော့ ကိုယ့်ဖုန်းဟာ အ၀င် call လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ကိုသူရိန်
iCampus Computer, Monywa
www.myanmaritmen.org
 ·  · Share


  • Aung Win Saw and 387 others like this.
  • 613 shares
  • 50 of 193

    • Kyaw Soe Moe As far as I know, Myanmar blocks SIP protocol on its firewall. Please let me know anyone has success registering to SIP gateway.
      January 13 at 8:34am · 

    • La Min Thank u so much.....that is good new..
      January 14 at 5:44pm · 

    • Myanmar IT Men Kyaw Soe Moe Please use OpenVPN to bypass.
      January 16 at 1:38pm · 

    • Kyaw Soe Moe ‎@ Myanmar IT Men, do you mean OpenVPN-connect software to use private tunnel? The free version of it is only 100MB so it may not last long but it will do the trick until it is being blocked. I hope Myanmar Internet will be more opened up pretty soon.
      January 16 at 2:08pm · 

    • Myint Thaw အသိပညာ..အတတ်ပညာလှူဒါ ...ရောက်တဲ့ဒေသ/နေရာ/ဘ၀...မှာပညာရှိအမတ်ပဲဆိုဒါ ..ယုံကြည်ပြီးလက်ခံထားပါ ..မိတ်ဆွေ
      January 18 at 6:25am · 

    • Ko Thar Gyi ရှယ်ကူးသွားတယ်ခင်ဗျ.....
      January 18 at 12:33pm · 

    • Violine Chitthu ခုလို မျှဝေပေးတာကျေးဇူးပဲဗျာ
      January 25 at 9:07pm · 

    • Phyoe Thu zip code ကိုဘာထည့်ရမလဲခင်ဗျ
      January 28 at 10:55am · 

    • Linnlinn Zaw zip code မသိလို့ဘာဆက်လုပ်ရမလဲ
      February 6 at 3:11am · 

    • Zaya Linn အထွက်ခေါ်ဆိုမှု အလကားရတာ ဘာရှိလဲ
      February 9 at 10:39am ·  ·  1

    • Poin Poinlove မြန်မာပြည်connectionနဲ့အဆင်ပြေနိုင်မလား..???
      February 11 at 1:21pm · 

    • Zawlin Aung ပြည်တွင်းမှာသုံးမရဘူးလား
      February 18 at 11:37am · 

    • Final Mutation http://phone.ipkall.com....အဲ့ဆိုဒ်မှာ/ signup လုပ်ပီးသွားပြီ
      You have already signed up for an account. ဆိုပြီး ပြတယ်ဗျာ.
      မေးထဲ ကို ၀င်ကြည့်တော့ Your IPKall phone numbe ဆိုတာ မပို့ဘူးဖြစ်နေတယ်.....pls help me..?

      February 23 at 1:29am · 

    • Zam Kim ကယ်ကြပါဗျို! SING UP ကိုလုပ်လို့မရဘူးးးးး
      February 28 at 12:23am · 

    • Zam Kim password မှာproblemရှိနေတယ်
      February 28 at 12:24am · 

    • Zam KimှုId နေရာကော်ဘာထည့်ရမှာလဲ
      February 28 at 12:46am · 

    • Zam Kim zip code ကိုဘာထည့်ရမှာလဲ
      February 28 at 12:47am · 

    • Sengmai Aung အမေရီူကန် မြို့ နုင့် cote က ဘာလဲ
      March 7 at 9:03am · 

    • Minyu Min sing up လုပ်လိုလဲမရဘူး
      March 22 at 11:15am · 

    • U Wai Oo အားလုံးအဆင်ပြေပါတယ်
      April 8 at 10:52pm · 

    • Naun Chit ကျေဇူးတင်ပါတယ်
      April 9 at 12:13pm · 

    • Naun Chit အားလုံးအဆင်ပြေသွားဒါပေါ့
      April 9 at 12:13pm · 

    • Soe Oo Han some on know what problem "Register attempt for proxy
      Sip 17772463249@ in.callcentric.com
      483 too many hops"

      Yesterday at 9:53am · 

    • Ko Naing ကျေးဇူးအများကြီး တင်တယ်နော်
      Yesterday at 11:16am · 

    • Shadowlove Stain Zip code ????
      Yesterday at 12:23pm · 

    • Shadowlove Stain pyaw pya pay par lar kha nya
      Yesterday at 12:23pm · 

    • Linhan Thein             253-397-1781      
      21 hours ago · 

    • Hein Htet Aung ကျွန်တော့နံပါတ်ကတော့            001 253 242 2153       ဖြစ်ပါတယ်။Zip Code ကိုသိချင်ရင် ဆေးပုလင်းမှာဖတ်ပါ။ကျွန်တော် 1024 သုံးပါတယ်။Soe Oo Han ရေ။ခင်ဗျားနဲ့ကျွန်တော် ခေါ်စမ်းကြည့်ရအောင်ဗျာ။
      21 hours ago · 

    • John Glenn Let me share!
      19 hours ago · 

    • Nayhtet Zawwin thanks so much .. i appreciate your time n concern to help n share others ... :)
      18 hours ago · 

    • Boy Net အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ ???? really ? that all are not using SIP Protocol ?
      17 hours ago · 

    • Dolphin Chanိခု ပြောထားတဲ့ ဖုန်းတွေ ကို ခေါ်ကြည့်ပါတယ် တစ်ယောက်မှ ပြန်မဖြေကြပါဘူး ဘာလို့လဲ မသိကြဘူးနော်
      16 hours ago ·  ·  1

    • Kyaw Minn Htun             001 253 397 2001      
      16 hours ago · 

    • Linnmyat Aung ကြိုက်တယ်ဗျာ
      16 hours ago via mobile · 

    • Hazel Kkh thanks
      14 hours ago · 

    • Nicky Shein အရမ်းတွေ လျှောက်မေးနေကြတယ်၊ သိသလောက်တင်ထားပြီးပြီလေ၊ ထပ်မေးတဲ့ ကိစ္စတွေက နည်းလမ်းအသစ်တွေ ရှာကြရအုံး(ဦး) မှာပေါ့၊ တပြိုင်နက်ထဲတော့ အကုန်မေးတာ မလွန်ကြဘူးလား? တွေ့သမျှ ပြောပြထားတာတောင် မကျေနပ်ကြတာ မတင်းတိမ်နိုင်တဲ့ လူ့သဘာဝ လို့ပြောရတော့မယ်၊ကျုပ်က ကြားကအမြင်မတော်လို့ ဝင်ပြောတာပါ၊ ခင်ဗျားတို့ ဟာ တဆိတ် လွန်မလားလို့?
      14 hours ago ·  ·  1

    • Zarni Phonezaw http://phone.ipkall.com....အဲ့ဆိုဒ်မှာ/ signup လုပ်ပီးသွားပြီ
      You have already signed up for an account. ဆိုပြီး ပြတယ်ဗျာ.
      မေးထဲ ကို ၀င်ကြည့်တော့ Your IPKall phone numbe ဆိုတာ မပို့ဘူးဖြစ်နေတယ်.....pls help me..?

      13 hours ago · 

    • ကို ထိုက် ကျေးဇူးပဲ
      12 hours ago · 

    • Thein Oo ကျေးဇူးပဲ
      12 hours ago · 

    • Hla Kay Khaing Thanks
      10 hours ago via mobile · 

    • Thaw Zin Oo ဘာများလဲလို့ မင်းစောက်ရူးပဲ
      10 hours ago · 

    • Thaw Zin Oo ငါကအကောင်းမှတ်နေတာ
      10 hours ago · 

    • Kyawlin Naing it is not convenience
      9 hours ago · 

    • ကို ချစ် Agent ID မှာ တစ်နေတယ် ဘာဆက်လုပ်ရမလဲ ?
      7 hours ago · 

    • Soe Oo Han i call             001 253 242 2153       (Hein Htet Aung) no one pick up the phone my no.             +12532422922      please some one call me
      6 hours ago · 

    • Soe Oo Han some on call me             +12532422922      
      6 hours ago · 

    • Soe Oo Han every thing ok i try th call the no from my hand phone answer from mail box
      6 hours ago · 

No comments:

Post a Comment