Blogger Widgets

Monday, April 30, 2012

Eleven ဂျာ နယ် က ကူး ထား တာ ပါ။ Comments လေး တွေ ဖတ် ကြည့် ပါ ရယ် ရ ပါ တယ်။ စိတ် ၀င် စား ရင် သိန်း ၁၀၀ ရင်း လို့ ရ ပါ တယ်။

ဘာ ပဲ ပြော ပြော တတ် နိုင် သ လောက် လုပ် ပေး တဲ့ တာ ၀န် ရှိ သူ တွေ ရယ်၊ မ စား မ ၀ါး ရ သေး ပေ မဲ့ တတ် နိုင် သ လောက် လုပ် ပေး တဲ အ မေ ရိ တွေ က တော့ ကျွန် တော် တို့ နိုင် ငံ ကြီး ဘာ ကြီး ဖြစ် နေ နေ ငါ တို့ ရ ရင် ပြီး ရော ဆို တဲ့ တ ရုတ် တွေ ထက် တော့ အ များ ကြီး သာ ပါ တယ်။ ဒါ ပေ မဲ့ အ ရင်း ရှင် ဟာ အ ရင်း ရှင် ပါ ပဲ။ အ မြတ် မ ရ ရင် ဘာ မှ မ လုပ် တာ သေ ချာ ပါ တယ်။ နောက် ကျ ရင် နည်း ပ ညာ တွေ ပါ သူ တို့ အ ကျိုး စီး ပွါး အ တွက် ကျွန် တော် တို့ ကို မျှ ဝေ အုံး မှာ ပါ။ ဒီ နည်း ပ ညာ တွေ ကို အ သုံး ချ ပြီး ကိုယ့် နိုင် ငံ တိုး တက် အောင် တ ခါ က ဂျ ပန် ကို အ မေ ရိ ကန် အ ကူ အ ညီ ရ ယူ ပြီ သူ တို့ နိုင် ငံ တိုး တက် သွား အောင် လုပ် ယူ ဖို့ တိုက် တွန်း လို ပါ တယ်။ ဒါ ပေ မဲ့ အဲ ဒါ တွေ ကို ရ ဖို့ အ တွက် သိန်း စိန် အ စိုး ရ နဲ့ တပ် ချုပ် ကြီး မင်း အောင် လှိုင် တို့ နောက် ပြန်  မ လှဲ့ ဖို့ ပို အ ရေး ကြီး ပါ တယ်။ ကျေး ဇူး ပြု ပြီး ဗ မာ ပြည် ဂျောက် ထဲ ကျ မှာ စိုး လို့ နောက် ထပ် တ ကြိမ် မ ကယ် ပါ နဲ့။ ကျေး ဇူး တင် ပါ တယ်။

ရန်ကုန်မြို့ လျှပ်စစ်မီးပျက်မှုအား ကုစားရန် အမေရိကန်နိုင်ငံမှ မိုဘိုင်းယာဉ်တင်မီးစက်လေးလုံး ငှားရမ်းထား

PDF Print
Monday, 30 April 2012 02:41
AddThis Social Bookmark Button
ရန်ကုန်မြို့တွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေမှုများအပေါ် ကုစားရန် အမေရိကန်နိုင်ငံမှ မိုဘိုင်း ယာဉ်တင်မီးစက်ကြီးလေးလုံးအား ငှားရမ်းထားကြောင်း နေပြည်တော်တွင်ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲ၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ လျှပ်စစ်မီးပြတ်မှုများအပေါ် လုပ်ဆောင်မှုများနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ''ရန်ကုန်မှာ လျှပ်စစ်မီးပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံတော်သမ္မတကြီးကလည်း စိတ်မကောင်းဖြစ်ရပါ တယ်။ လျှပ်စစ်(၁)၊ (၂) ၀န်ကြီးတွေနဲ့ အမြဲတမ်း ဆွေးနွေးညှိနှိုင်း အဖြေရှာလျက်ရှိပါတယ်။ လူဦးရေ တိုးတက်လာတယ်၊ လူတွေရဲ့ သုံးစွဲမှု များလာတယ်၊ ရေအားလျှပ်စစ်ကို အဓိက မှီခိုရတဲ့အတွက် နွေရာသီမှာ ရေနည်းလာတယ်။ လတ်တလော ကုစားတဲ့နည်းကတော့ ပြည်ပကိုရောင်းနေတဲ့အချိုးကို ပြန်ဝယ်ပြီး Grid ထဲကို ထည့်တယ်။ ဒါကတစ်ခုပါ။ ချို့ယွင်းနေတဲ့ တာဘိုင်တွေကို
တလောက အမေရိကန် GE ကုမ္ပဏီက ဒုတိယဥက္ကဋ္ဌ ဂျွန်ရိုက်လာပြီး သမ္မတကြီးနဲ့ တွေ့တယ်။ သမ္မတကြီးက ဒါလေးဆွေး နွေးတော့ သူတို့လူတွေကို နောက်နေ့ ချက်ခြင်းလွှတ်ပေးပြီး အဲဒီစက်တွေရဲ့ အခြေအနေကြည့်တော့ သာကေတမှာ စက်ချို့ယွင်းနေတယ်။အလားတူချို့ ယွင်းနေတဲ့ စက်နှစ်မျိုးကိုလည်း အခမဲ့ ပြင်ပေးဖို့ လုပ်နေတယ်။ နောက်တစ်ချက်က ၂၅မဂ္ဂါဝပ်ရှိတဲ့ မိုဘိုင်းယာဉ်တင် မီးစက်တွေရှိတယ်။ ၀ယ်မှာလား ငှားမှာလား မေးတယ်။ မီးစက် ၄ လုံးငှားဖို့ အကြောင်းပြန်လိုက်တယ်။ လေယာဉ်အင်ဂျင်နဲ့ လုပ်ထားတာလို့ ပြောတယ်။ မကြာခင် အမြန်ပို့ဖို့ ပြောထားပါတယ်။ ရန်ကုန်မြို့ မီးအခြေအနေကို ကုစားဖို့အတွက်ပါ။ မီးက အရေးကြီးပါတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့သူတွေလာရင် ဒီမီး အနေအထားနဲ့တော့ မြှုပ်နှံလို့မရဘူးလို့ ပြောတာမျိုးတောင်ရှိတယ်''ဟု မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့မှာ သဘာဝဓာတ်ငွေ့ လုံလောက်စွာ မရရှိသည့်အတွက် ရပ်ထားရကြောင်း၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်ရောက်ရှိမှသာ သဘာဝဓာတ်ငွေ့ ယခုထပ်ပိုမိုရရှိမည်ဖြစ်ရာ လတ်တလော ကုစားရန်အတွက် နည်းလမ်းများ ရှာဖွေလုပ် ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

''သဘာဝဓာတ်ငွေ့ကလည်း ၂၀၁၄၊ ၂၀၁၅ ခုနှစ်လောက်ရောက်မှ ထပ်ရမယ်။ အခု သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့တောင် ရပ်ထားရတယ်။ သဘာဝဓာတ်ငွေ့သုံး စက်ရုံဆောက်မယ်ဆိုရင် အနည်းဆုံး တစ်နှစ်ခွဲ၊ နှစ်နှစ်လောက် အချိန်ယူရမယ်။ ကျောက်မီးသွေးသုံး စက်ရုံဆောက်လည်း ဒီလိုပဲ အချိန်ယူရဦးမယ်။ ဒီကြားထဲမှာ မီးပျက်ရင် ဘယ်လိုနေမလဲ။ ကျွန်တော်ဆိုလည်း မနေနိုင်ပါဘူး။ အဲဒီအတွက် လတ်တလော ကုစားဖို့ နည်းလမ်းတွေ ရှာဖွေ လုပ်ဆောင်ပေးနေတာပါ''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
 

Comments 

+4 #8 zmpfeed 2012-04-30 10:39
သိန်း ၁၀၀ လောက်တော့ ရင်းလိုက်ပါ..

အဖိုးအို ။ သိန်း၁၀၀လောက် အပ်မလို့ ပါ။
ဇာဂနာ(ဘဏ်မန်နေဂျာ)။ အပ်ပါ။ ရပါတယ်..

အဖိုးအို။ ဒါနဲ့ မေးစရာလေးရှိလို့  အကယ်လို့ မင်းအလုပ်ပြုတ်သွားရင် အဖိုးအပ်ထားတဲ့ပိုက်ဆံ ဘယ်သူလျော်ပေးမလဲ..
ဇာဂနာ။ ကျွန်တော်တို့ ဘဏ်က ဥက္ကဋ္ဌ က ပြန်ပေးပါလိမ့်မယ်.. မပူပါနဲ့ 

အဖိုးအို။ အဲဒီသူအလုပ်ပြုတ်သွားရင်ကော
ဇာဂနာ။ ဒါလည်းမပူပါနဲ့ .. မြန်မာ့စီးပွားရေး ဗဟိုဘဏ်က ဥက္ကဋ္ဌက တာဝန်ယူပါလိမ့်မယ်

အဖိုးအို။ အဲဒီသူလည်းအလုပ် ပြုတ်ခဲ့ရင်ကော
ဇာဂနာ။ ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်တာဝန်ယူလိမ့်မယ်ဗျာ.. မပူပါနဲ့ 
အဖိုးအို။ အဲဒီ သမ္မတ လည်း အလုပ်ပြုတ်သွားမယ် ဆိုရင်ကော..

ဇာဂနာ။ တန်ပါတယ်ဗျာ သိန်း၁၀၀ လောက်တော့ ရင်းလိုက်တာပေါ့
(ဇာဂနာ စင်ကာပူသင်္ကြန် အငြိမ့် ၂၉၊ ၀၄၊ ၂၀၁၂)
+1 #7 slinn 2012-04-30 10:38
တို့နိုင်ငံ လျှပ်စစ်မီးကို တော့ သောမက် အက်ဒီဆင် တည်ထောင်ခဲ့တဲ့ GE ကုမ္ပဏီကတောင် လာကယ်နေရပြီ။ ဟားဟား သမိုင်းဝင်ပဲ
+6 #6 brownboy 2012-04-30 10:19
ဘယ်သူကမှတော့ စေတနာကောင်းကောင်းနဲ့ ကူညီမှာတော့မဟုတ်ပါဘူး။ ကိုယ့်အတွက်ချည်းပဲ လာရင်းနှီးမြုတ်နှံကြမယ့် သူချည်းပါပဲ။ ဒီလိုလာတာချင်းအတူတူ အမေရိကန် စီးပွားရေး လုပ်ငန်းတွေကမှ သူတို့အရေးမျှော်တယ်ဆိုပေမယ့် အခမဲ့ တို့ ဘာတို့ ကောင်းတာတွေ လုပ်ပေးသေးတယ်။ ဒါတောင် လုံးလုံးလျားလျား ရောက်လာသေးတာမဟုတ်ဘူး။ တရုပ်ကြီးများကျတော့ အရေခွံတောင် ရရင် ဆုတ်ယူမလားပဲ။ အလကား သယံဇာတတွေ အချိန်တွေ သိပ်နှမြောဖို့ကောင်းပါတယ်။ စဉ်းစားကြသင့်ပြီ။
+6 #5 ngakhwe 2012-04-30 09:33
Zawtikaေ၇ခင်ဗျား၇ဲ့commentဖတ်၇တာ၇ယ်၇လွန်းလို့အူတောင်နာတယ်ဗျlikeလဲလုပ်ခဲ့ပါတယ်ဟီးဟီး :
+15 #4 melt.pyown 2012-04-30 08:15
“Positive anything is better than negative nothing.”
Elbert Hubbard.
+24 #3 suvanadipa 2012-04-30 07:49
မင်းတို့ အစိုးရအဖွဲ့ဟာ မျက်မမြင် ပုဏ္ဏား ၆ ယောက် အတိုင်းဘဲ
+21 #2 kinglakeshore 2012-04-30 07:49
Quote:
ဥက္ကဋ္ဌ ဦးစိုးသိန်းက ''ရန်ကုန်မှာ လျှပ်စစ်မီးပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံတော်သမ္မတကြီးကလည်း စိတ်မကောင်းဖြစ်ရပါ တယ်။

ဒီကိစ္စကို သမ္မတလည်း ဘာမှမတတ်နိုင်ဘူးး လို့ပြောနေတာလားးး :sad:
+107 #1 Zawtika 2012-04-30 06:02
အမေရိကန်နိုင်ငံမှ မိုဘိုင်း ယာဉ်တင်မီးစက်ကြီးလေးလုံးအား ငှားရမ်းထားကြောင်း……
ဘာဖြစ်လို့ တရုပ်ဆီက မငှားတာလဲ….

လေယာဉ်အင်ဂျင်နဲ့ လုပ်ထားတာလို့ ပြောတယ်။…..
တရုပ် ဆီက ငှားရင် ဒုံးပျံအင်ဂျင် တတ်ထားတာတောင်ရဦးမယ်။

မီးက အရေးကြီးပါတယ်။
ဟုတ်လို့လား……… တို့များတော့ ယုံပေါင်……

ဒီမီး အနေအထားနဲ့တော့ မြှုပ်နှံလို့မရဘူးလို့ ပြောတာမျိုးတောင်ရှိတယ်………
ကိုတေဇတို့.. ကိုဇော်ဇော်တို့.. ဒေါက်တာဦးခင်ရွှေ တို့လိုမှ အရည်အချင်းမရှိတာ၊ ဒီလိုဘဲပြောမှာပေါ့။

လတ်တလော ကုစားရန်အတွက် နည်းလမ်းများ ရှာဖွေလုပ် ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အဲဒါတွေအားလုံး လျှပ်စစ် ဒိသာပါမောက္ခ အရှင်မဟာ ပရော်ဖက်ဆာ ဇင်းမော် သိပီးသား
ခင်ဗျားတို့က တကဲ့ ပညာရှိ ပဏ္ဍိတ် က၀ိ ကို ပစ်ပယ် ပီး အနောက်အားကိုး ပေါက်တူးရိုး ဖြစ်ချင်တာကိုး။


ဒီကြားထဲမှာ မီးပျက်ရင် ဘယ်လိုနေမလဲ။……..
တစ်သက်လုံးဒီလိုနေလာတာ။ ခုမှ မနေတတ်ဘူး ဆိုရင်လဲ သေလိုက်ပေါ့ဗျာ။

ရန်ကုန်မှာ လျှပ်စစ်မီးပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံတော်သမ္မတကြီးကလည်း စိတ်မကောင်းဖြစ်ရပါ တယ်။
နေပြည်တော်က မီး ပဒေသာတွေကြည့်ပီး စိတ်ဖြေပါ နိုင်ငံတော်သမ္မတကြီး။
လောလောဆယ် နိုင်ငံတော်သမ္မတကြီး စိတ်နောက်လို့ မဖြစ်သေးဘူး

No comments:

Post a Comment