Blogger Widgets

Sunday, October 12, 2014

7 Day News

ကေအင်န်ယူ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်မည်

ကရင်အမျိုးသားအစည်း အရုံး(KNU) အရေးပေါ်ဗဟို ကော်မတီအစည်းအဝေးအား အောက်တိုဘာ ၂၃ ရက်မှ ၂၆ ရက်အထိ KNU ဌာနချုပ်တည်ရှိ ရာ လော်ခီးလာတွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘UNFC(ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ)ကိစ္စ၊ နောက်လက်ရှိ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ် စဲရေးကိစ္စတို့ဆွေးနွေးဖို့ရှိတယ်’’ ဟု KNU အထွေထွေအတွင်းရေး မှူးဖဒိုစောကွယ်ထူးဝင်းက ပြော သည်။
ကရင်အမျိုးသားအစည်းအ ရုံးအနေဖြင့် ပြီးခဲ့သည့် UNFC ညီ လာခံတွင် UNFC အဖွဲ့ဝင်အဖြစ် မှ ယာယီနုတ်ထွက်ခဲ့ပြီး ညီလာခံ ပြီးစီးအောင် မတက်ရောက်ဘဲ ပြန်ခဲ့သည်။
 ‘‘အမြင်သဘောထားက တော့ မတူနိုင်ဘူး။ UNFC ကိုပေး တဲ့စာကိုကြည့်ရင်သိနိုင်တယ်။ အများစုကတော့ UNFC ကထွက် ချင်တဲ့ သဘောရှိတယ်’’ဟု နိုင်ငံ ရေးနှင့် ငြိမ်းချမ်းရေးဆောင်းပါး များရေးသားနေသူ သတင်း ဆရာ စည်သူအောင်မြင့်က သုံးသပ် သည်။
ကရင်အမျိုးသားအစည်းအ ရုံးအနေဖြင့် UNFC စတင်ဖွဲ့စည်း သည့်အချိန်မှစ၍ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် UNFC ညီလာခံတွင် KNU အနေဖြင့် နုတ်ထွက်ခဲ့သော်လည်း UNFC ကိုယ် စားလှယ်များက KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအား ဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ်ရွေးချယ်ခဲ့ကြ သည်။

No comments:

Post a Comment