Blogger Widgets

Wednesday, October 22, 2014

From Yamoun Nar Facebook

ဗိုလ်ဆန်းအောင် အဖွဲ့အစည်းနဲ့ အဆက်အသွယ် ဘာကြောင့် ပြတ်တောက်သွားရသလဲ
မွန်ပြည်နယ် ကျိုက်မရောမှာ စက်တင်ဘာ ၂၆ ရက်နေ့က ဒီကေဘီအေနဲ့ အစိုးရတပ်တွေ တိုက်ပွဲစဖြစ်တယ်။ အဲဒီအချိန်က ဗိုလ်ဆန်းအောင်က ရန်ကုန်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးတက်နေတယ်။ တိုက်ပွဲဖြစ်ပြီး နောက်နေ့ တပ်ကို ထိန်းသိမ်းဖို့ ကျိုက်မရောဘက်ကို လိုက်သွားတယ်လို့ သိရတယ်။
သူ့တပ်ရှိတဲ့ ကျိုက်မရောနယ်ကို ရောက်သွားပြီးတဲ့ နောက်ပိုင်း အထိနာထားတဲ့ အစိုးရစစ်တပ်တွေ စစ်ကြောင်းငါးကြောင်းနဲ့ ဒီကေဘီအေ တပ်ကို ဝိုင်းပတ်ပိတ်ဆို့တာတယ်ဆိုတာ စုံစမ်းကြည့်လို့ သိရတယ်။
စစ်ကြောင်းတွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ကာလမှာပဲ ဗိုလ်ကျော်သက်နဲ့ ဗိုလ်ဆန်းအောင်က ဗိုလ်နှုတ်ခမ်းမွှေးအမိန့်ကို မနာခံတော့ဘူး၊ သူတို့ နှစ်ယောက်ပေါင်းပြီး ဗိုလ်နှုတ်ခမ်းမွှေးကို လုပ်ကြံတော့မယ် ဘာညာနဲ့ တာဝန်ခံမှုမရှိတဲ့ စာတွေ အွန်းလိုင်းမှာ ပျံ့နှံ့ခဲ့တယ်။
အောက်တိုဘာလဆန်းပိုင်းမှာ ဒီကေဘီအေ သိမ်းထားတဲ့ မြန်မာစစ်တပ်က လက်နက်ငယ် ၆ လက်ကို ကော့ကရိတ်မှာရှိတဲ့ စကခ ၁၂ မှာ တာဝန်ရှိသူတွေဆီ ပြန်လည်ပေးအပ်လိုက်တယ်။ ဒါပေမယ့် ဗိုလ်ဆန်းအောင်ကို ကျိုက်မရောရဲစခန်းက ဖမ်းဝရမ်းထုတ်ထားလိုက်တယ်။
ကျိုက်မရောဘက်မှာ စစ်ရေးတင်းမာမှုတွေ ပြေလျော့သွားတဲ့အချိန် သိမ်းသွားတဲ့ လက်နက်တွေ ပြန်ပေးလိုက်ပြီးတဲ့ အချိန်မှာ ဗိုလ်ဆန်းအောင်ဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးက ဗိုလ်ကျော်သက် စခန်းမှာ ရောက်ရှိနေတယ်လို့ ကြားသိရတယ်။
အောက်တိုဘာ ၁၀ ရက်နေ့
မနက် ၁၀ နာရီလောက်မှာ ကော့နွဲ ရွာသစ်ကုန်းဘက်ကို တက်လာတဲ့ အစိုးရစစ်တပ် ခလရ ၂၃၀ စစ်ကြောင်းနဲ့ ဒီကေဘီအေတို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပြန်တယ်။
ဒီဖြစ်စဉ်တွေကိုဟာ အပေါ်ယံကြည့်မယ်ဆိုရင် လက်နက်ကိုင် ၂ ဖွဲ့ လမ်းပေါ်မှာတိုးလို့ ဖြစ်တဲ့တိုက်ပွဲတွေလို့ပဲ မြင်လိမ့်မယ်။ တကယ်က ဗိုလ်ဆန်းအောင် ရှိနေတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ရှိနေတယ်။ သူ ကျိုက်မရောကနေ ကော့ကရိတ်ကိုရောက်တာနဲ့ ကော့ကရိတ်နားမှာ တိုက်ပွဲတွေဖြစ်လာခဲ့တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဗိုလ်ဆန်းအောင်ကို အစိုးရစစ်တပ်က အငြိုးကြီးကြီးထားပြီး ခြေရာခံလိုက်နေတယ် ဆိုတာ တွေ့မြင်ရမယ်။ ဗိုလ်ဆန်းအောင် ဟာ သူ့အဖွဲ့အစည်းနဲ့ အဆက်အသွယ်တွေ ပြတ်နေတယ်ဆိုတာလည်း ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
ဗိုလ်ဆန်းအောင် အနေနဲ့ ကရင်တော်လှန်ရေးတပ်ဖွဲ့တွေ ပေါင်စည်းရေးကို စိတ်အားထက်သူဖြစ်ပြီး၊ မြန်မာပြည်ထဲက NLD ၊ လူ့ဘောင်သစ်၊ ဗကသ ၊ ၈၈ မျိုးဆက်အဖွဲ့၊ လက်ပန်တောင်းအရေး ၊ နေစရာမဲ့သူတွေအရေး စတဲ့ အရေးကိစ္စတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို မျှဝေခံစားပေးနိုင်သူတဦး ဖြစ်တယ်ဆိုတာ သူ့လှုပ်ရှားမှုတွေကိုကြည့်ရင် သိနိုင်မြင်နိုင်ပါတယ်။
မြန်မာစစ်အာဏာရှင်ဟာ တမျိုးသားလုံးအရေး၊ တနိုင်ငံလုံးအရေးကို လှုပ်ရှားနေတဲ့ စိတ်ဝင်စားတဲ့ ခေါင်းထဲထဲ့ထားတဲ့ ပုဂ္ဂိုလ် တိုင်းရင်းသားထဲကပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အဲဒီလိုလူစားမျိုးတွေကို ကြောက်ပါတယ်။ ကြောက်တာနဲ့အတူ ကြောက်ကန်ကန်တတ်လေ့ရှိပါတယ်။ အငြိုးတကြီးနဲ့ ပစ်မှတ်ထားလေ့ရှိတယ်။

No comments:

Post a Comment