Blogger Widgets

Thursday, October 30, 2014

7day daily

ကရင်ဒုက္ခသည်များ ပြန်လည်ထူထောင်ရန် ၂၀၁၅ တွင် ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင်အသုံးပြုရန် (KNU / KNLA) လျာထားကြောင်း
ကရင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် ၂၀၁၅ တွင် ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင်အသုံးပြုရန် လျာထားကြောင်း KNU/KNLA တပ်မဟာ (၇)စီးပွားရေးရုံးမှ သတင်းရရှိသည်။
‘‘ပြန်လည်ထူထောင်ရေးအ တွက် သိန်းပေါင်းငါးသောင်းကျပ် လောက်ကုန်ကျပြီးသွားပြီ။ ၂၀၁၅အတွက် ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင်လောက် အသုံး ပြုဖို့ လျာထားပါတယ်’’ဟု KNU/KNLA တပ်မဟာ (၇)မှ စီးပွားရေးတာဝန်ခံ ကိုစောမိုးဇက်က ပြော သည်။ ၂၀၁၅ နှစ်အတွက် ကျပ် သိန်းပေါင်း သုံးသောင်းဝန်းကျင် အသုံးပြုပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ကရင်ပြည် နယ် လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ဘားအံ့ မြို့နယ်များတွင် အိမ်ရာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆေးရုံ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း၊ စီမံကိန်းတွင် အသုံးပြုမည့် ငွေကြေးကို နိပွန် ဖောင်ဒေးရှင်းထံတင်ပြထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ၂၀၁၅ ဇန်န၀ါရီတွင် စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း ကိုစောမိုးဇက်က ပြောသည်။
ကရင်ပြည်နယ် ကေအင်န်ယူထိန်းချုပ်နယ်မြေတွင် ဒုက္ခ သည်များပြန်လည်နေရာ ချထားရေးအတွက် မော်ဖိုးကေတွင် အိမ်အလုံး ၅၀၊ မဲ့သရိတွင် အိမ်အလုံး ၅၀ စီ တည်ဆောက်သွားမည်ဖြစ်ပြီး တန်ဖိုးနည်း အိမ် အလုံးတစ်ရာကို အစိုးရ မ,တည်ထောက်ပံ့သည့် ငွေကြေးဖြင့် ယခုနှစ် မေလတွင် စတင်တည်ဆောက်ခဲ့ပြီး ဇူလိုင်တွင် ပြီးစီး ခဲ့သည်။
နောက်ထပ်
လူနေအိမ် အလုံး ၂၀၀ ကို ၀မ်းခါသစ်၊ မော် ဖိုးကေနှင့် မဲ့သရိဒေသတို့တွင် တည်ဆောက်ရန် လျာထားပြီး ၀မ်းခါသစ်တွင် လူနေအိမ် အလုံး ၁၀၀၊မော်ဖိုးကေနှင့် မဲ့သရိတွင် အိမ်အလုံး ၅၀ စီ တည်ဆောက်သွား မည်ဟု သတင်းရရှိသည်။
အပစ်အခတ်ရပ်စဲရေးအ ဆင့်သာ အောင်မြင်သေးသော ကြောင့် ဆောက်လုပ်ပြီးနေအိမ် များတွင် ကရင်ဒုက္ခသည်များ လာ ရောက်အခြေချနေထိုင်ခြင်းများ ယနေ့အချိန်ထိမရှိသေးကြောင်း ယင်းဒေသရှိ လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများမှ သတင်းရရှိ သည်။
ပြည်တွင်းတွင် ထွက်ပြေး တိမ်းရှောင်နေသည့် ပြည်တွင်းဒုက္ခသည်များနှင့် ထိုင်းနိုင်ငံရောက်ဒုက္ခသည်များကို နေရပ်သို့ ပြန် လည်နေရာချထားရန် ကရင်ပြည် နယ်ရှိ ဆုကလိ၊ ရှမ်းရွာသစ်၊ ဝေါ လေ၊ ဘုရားသုံးဆူ၊ ကမမောင်း၊ ကျိုက်ဒုံ၊ လိပ်သို၊ ဘောကလိ၊ ပိုင်ကျုံများကို ရွေးချယ်ထားသည်။
နေအိမ်တည်ဆောက်မည့် နေရာများ ရွေးချယ်ထားသော် လည်း အမှန်တကယ်အိမ်ရာတည် ဆောက်သော နေရာများမှာ ရှမ်း ရွာသစ်၊ ဆုကလိမြို့နယ်ခွဲ၊ ဘုရားသုံးဆူမြို့နယ်ခွဲနှင့် ဘုရား သုံးဆူ မြို့နယ်ခွဲ၊ မဲ့ကသာ၊ မော်ဖိုးကေ၊ မဲ့သရိ၊ ၀မ်းခါသစ်ဒေသ၌သာ တည် ဆောက် မှုများ စတင်နေခြင်း ဖြစ်သည်။
By - အိဖြူလွင် 7day daily October 29, 2014

No comments:

Post a Comment